Thursday 3 May 2012

လွန်စွာမှ အသုံးဝင်သော LINKs နှစ်ခု Share ချင်ပါတယ်


1) တခါတလေ မိမိ Server မှာ အသုံးပြုထားတဲ့ SSL Certificate က စိတ်ချ ရလား Trusted ရောဖြစ် ရဲ့လား ဒါမှမဟုတ် မိမိ သွားရောက် လည်ပတ်မဲ့ web address တခုက SSL Certificate ကရော စိတ်ချ ရလား ဘာလား ညာလား Test လုပ်ချင်ရင်တော့ အောက်က Link မှာ လုပ်နိုင်ပါတယ်.. အဲဒီမှာတော့ SSL Certificate Key ရဲ့ Bits Rate, Valid Date တွေက အစ ဖော်ပြပေး ပါလိမ့်မယ်...

https://www.ssllabs.com/ssltest/index.html

2) ဒီတခု ကတော့ သင့် Public IP  ရဲ့ characteristics ကို ချက်တာပါ ။ အလွယ်ဆိုရင်တော့ သင့် Public IP က Spam/Worm တွေ ဖြန့်နေတဲ့  ပုံစံ တွေရှိနေလားဘာလားပေါ့..  လွယ်ကူပါတယ် သင့် Public IP ကို box ထဲမှာ ရိုက်ထည့် လိုက်ရုံပဲ  အကယ်၍ သင့် Public IP က List ထဲမှာ ဆိုပြီးပြန်ရင်တော့ Remove လုပ်ပြီး သင့် အဲဒီ IP နဲ့ အသုံး ပြုထားတဲ့ Server ကို ကိုပြန်စစ်သင့်ပါတယ်. အကယ်၍ ဒီ IP ကို Gateway/Firewall လိုမျိုး သုံးထားတာ ဆိုရင်တော့ Local တခုလုံးကို စစ်ပေါ့.. ကျနော်  ဖြစ်ဖူးတာတော့ Marketing ကလူတွေက သူတို့ Advertise Email တွေကို Blust လုပ်တဲ့ တချို့ software တွေကြောင့်လဲ ဖြစ်တတ်တယ်..  Email 500, 1000 ကိုတခါတည်း software တွေနဲ့ blust  လုပ်ရင် ဖြစ်တတ်ပါတယ် ဒီ Link အကြောင်း ပြောရင်းနဲ့ အတွေ့အကြုံ လေးကိုပြောပြတာပါ.. Detail ကိုတော့ ဖော်ပြပါ Link မှာပဲ အသေအချာ ဖတ်လိုက်ပါတော့ .. :D

http://cbl.abuseat.org/
To check or remove to your IP on CBL list http://cbl.abuseat.org/lookup.cgi

(သိပြီးသားများ ဖြစ်ရင်တော့ Sorry ပါဗျာ ..)
>>

UTEE


Ref : http://www.google.com



No comments:

Post a Comment