Tuesday 10 April 2012

vCenter Server Linux Virtual Appliance တလုံး Setup လုပ်ခြင်း


      vCenter Server တခုကို စပြီး Setup လုပ်မယ်..

      vCenter Server တခုကို ESXi Server ပေါ်သို့ Deploy/Install လုပ်ပုံကို ဤနေရာ တွင် ကြည့်ပါ။

Deploy/Install လုပ်ထား ပြီးသား vCenter Server Image ကို Power-On လိုက်ပါ။

Power-On ပြီးရင် အောက်ကပုံ အတိုင်း မြင်ရပါမယ်..

 

ဤနေရာတွင် IP information နဲ့ပတ်သတ်ပြီး Assign လုပ်ရပါမယ် အကယ်၍ Network ထဲတွင် DHCP Server  ရှိရင်တော့ DHCP Server က  ဒီ vCenter Server Image အတွတ် IP information ကို Auto Assign  လုပ်သွားမှာပါ DHCP Server မရှိရင်တော့ IP information ကို ကိုယ်ဟာကို “Configure Network”  ရွေးချယ်ပြီး Assign လုပ်ပေးရပါမယ်.

ဤနေရာတွင် TimeZone  ကိုလည်း Setup လုပ်ဖို့ မမေ့ပါနဲ့  Setup လုပ်ဖို့မေ့ခဲ့ရင်တော့ တခြားသော ESXi Server  တွေရဲ့ TimeZone နဲ့မတူရင် vCenter Server ထဲကို ESXi Server တလုံးကို Adding လုပ်တဲ့ အခါ အခက်အခဲ တွေ့နိုင်ပါတယ်..

     IP Information Setup လုပ်ပြီးသွားရင်တော့ vCenter Server ရဲ့ တခြားသောဟာများကို Setup လုပ်ဖို့ အတွတ် vCenter Serverကို Web-Browser မှ  Access လုပ်ရန် IP and Port  ကိုပေးပါလိမ့်မယ်
 

ထို IP:port နဲ့ Web-Browser  မှ server ကို configure လုပ်ဖို့ Login ဝင်လိုက်ပါ..  vCenter Server Image ရဲ့ Default Username နဲ့ Password က အောက်ပါ အတိုင်းပါ..

Username    : root
Password    : vmware
 


EULA  ကို Accept လုပ်ပေးဖို့ ဖြစ်ပါတယ်..

 

Accept EULA button  ကို  နှိပ်ပြီး Accept လုပ်ပေးလိုက်ပါ .. Accept EULA button နှိပ်ပြီး သွားရင်တော့ EULA-Status မှာ Accepted ဆိုပြီး change သွားပါမယ်..
 

vCenter Server  ရဲ့ Status ကို ကြည့်ရန် Status Tag ကိုသွားလိုက်ပါ အဲဒီမှာ Service Status  နဲ့ Database Type မှာ Not Configured ဆိုပြီ ပြနေပါမယ် ...
 

Database ကို Configure  လုပ်ရန် Database Tag ကိုသွားလိုက်ပါ.. ထိုနောက် Database Type  မှာ embedded type ကို ရွေးချယ် ပေးရပါမယ် DB2 database type ကို ရွေးချယ် အသုံးပြုခြင်းပါ..
 

ထိုနောက် Save Settings ကို နှိပ်ပြီ Save လိုက်ပါ Operation Was Successful ဖြစ်သည် အထိ စောင့်ပါ..
 

vCenter Serverရဲ့ Status ကိုပြန်သွား ကြည့်ရင် Database Type မှာ embedded ဆိုပြီ ပေါ်လာပါမယ်
 

ဒါဆိုရင်တော့ Database Type လဲ ရွေးချယ် ပေးပြီးပြီ ဖြစ်သည့် အတွက် Server ကို Rebootလုပ်ရန် System Tag  ကိုသွားပြီ Reboot ကိုနှိပ်ပါ
 

Reboot  လုပ်ပြီး Server ပြန်တက်လာရင် vSphere Client မှ အစောက  လုပ်ခဲ့တဲ့ IP နဲ့ Username:root Password:vmware တို့နဲ့ vCenter Server ကို Login ဝင်ပြီ vCenter Server Control ကိုလုပ်နိုင်ပါပြီ
 

UTEE

Ref : http://vmwire.com/2011/07/15/vsphere-vcenter-server-linux-virtual-appliance-quick-start-guide/

No comments:

Post a Comment