Wednesday 16 November 2011

VMware Disk Image Drive ကို Size ဘယ်လို Extend ထက်တိုးမလဲ..

  တခါတုန်း office မှာ user ကအကူအညီ တခုတောင်းလာတယ်.. သူအသုံးပြု နေတဲ့ VMware Image တခုမှာ Virtual Hard-Drive ကပြည့်ခါနီး နေပြီတဲ့.. Virtual Hard-Drive ကို Extend လုပ်လို့ ရမလား တဲ့.. သာမန် ဆိုရင် နောက်ထက် Virtual Hard-Drive တခုကို Add လုပ်ပေး လိုက်ရုံ ပဲပေါ့.. ဒါပေမဲ့ သူလိုချင်တာက  နောက် Hard-Drive တလုံး( နောက် Partition) အသစ်တခု မဟုတ်ဘူး..ဥပမာ.. သူ vmware image မှာ virtual hard-drive တခုပဲ ရှိတယ် size က 10Gb.. သူက အယ်ဒီ မူရင်း virtual hard-drive (10Gb) ကို size (20Gb) extend လုပ်ချင်တာ..
     အစတော့ နဲနဲ စဉ်းစား သွားတယ် နောက်တော့ Virtual ပါဆို ရရ မှာပေါ့ဆိုပြီ ရှာကြည့်တော့ တနေရာ မှာသွားတွေ့တယ်...
VMware WorkStation Install လုပ်ထာ:တဲ့ စက် တွေမှာဆိုရင် အဲဒီ tool ကပါပြီသား..

Tools Name: vmware-vdiskmanager
Use with    : Command Prompt

     သာမန် အားဖြင့် c:\programs\vmware\vmware-workstation  အောက်မှာပါ။
    
     Extend လုပ်ချင်တဲ့ Virtual Hard-Drive Name က ABC.vmdk ဆိုပါတော့.. command prompt (cmd) ကနေပြီ c:\programs\vmware\vmware-workstation အောက်ကိုသွားလိုက်ပါ..

# cd c:\programs\vmware\vmware-workstation

အောက်က command နဲ့ ကိုလိုချင်တဲ့ size ကို extend လုပ်ပါတယ် (အရင် 10GB ရှိတာကနေ နောက်ထက် 10GB ထက်တိုးမယ်ထား ,  အဲဒီတော့ total 20GB  ပေါ့)

# vmware-vdiskmanager -x 20GB ABC.vmdk

အဲဒါ လေးပဲ....Process ပြီးတဲ့ အထိ စောင့်လိုက်ပါ..

မှတ်ချက်: Extend လုပ်မဲ့ VMware Image မှာ Snapshot တွေ Clear ဖြစ်ရပါမယ်။ နောက် အဲဒီ VMware Image က Power-Off ထားရ ပါမယ်..

ဒါကတော့ နောက်မှ ရှာတွေတဲ့ vdiskmanager  ရဲ့  အသုံးပြုနည်းပါ
http://www.vmware.com/pdf/VirtualDiskManager.pdf

ဒီ Link ကတော့ extend လုပ်ခြင်း အတွက် vmware knowledge-base  ပါ..
http://kb.vmware.com/selfservice/microsites/search.do?language=en_US&cmd=displayKC&externalId=1004047

>>

UTEE