Thursday 15 December 2011

Fail2Ban ကလဲ သင့် Server ကို Brute Force Attacks တွေကနေ အထိုက်အလျောက် Prevent လုပ်ပေး နိုင်ပါတယ်...

     Fail2Ban ဆိုတာကတော့ Framework  လေးတခု ဖြစ်ပါတယ်..  IP တည်းကနေ Login Security တခုကို ချိုးဖောက်ဖို့ ကြံဆောင်လာတာတွေကို Block/Filter လုပ်ပေးတဲ့ Framework လေးပါ.. Open Source ဆိုတော့ကာ ပြောနေစရာ မလို အကြိုက်ပဲ ( Free ကို) :) အောက်က sample  မှာတော့ ubuntu ကိုသုံးထား ပါတယ်... ဒီ Sample မှာတော့ SSH Login Authentication နဲ့ပဲ ပြသွားပါမယ်.. Configuration ကလဲ လွယ်ကူပါတယ်..

     စပြီး Fail2Ban ကို Install လုပ်ပါမယ်...

#apt-get install fail2ban



     Install လုပ်ပြီး သွားရင် configuration လုပ်ဖို့ /etc/fail2ban/ အောက်ကိုသွားလိုက်ပါ..

#cd /etc/fail2ban/

       Default အနေနဲ့ /etc/fail2ban/ အောက်က jail.conf ဆိုတဲ့ file မှာ ပြင်ဆင် ရပါမယ်။ အဲဒီ ထဲမှာ  ဘယ် IP တွေကို လုံးလုံး Ignore ပေးမယ်၊ Ban Time ကိုဘယ်လောက် သက်မှတ် မယ်၊ နောက်ဘယ် service တွေကို checking လုပ်မှာလဲ စသည့်ဖြင့် ပြင်ဆင်နိုင်ပါတယ်...

#vi jail.conf



     ဒီမှာတော့ ssh ကိုပဲ checking လုပ်ခိုင်း ပါမယ်... ၃ကြိမ် password မှားတာနဲ့ Ban ပါမယ်...



     ရပါပြီ fial2ban service ကို restart  ချပါမယ်..

#/etc/init.d/fail2ban restart



     သူက /var/log/auth.log  ကို read ပြီ ban  သင့်တာကို auto ban မှာပါ...သူ့ရဲ့ log file  ကတော့ /var/log/ အောက်မှာပါ..



     သူ့ရဲ့ log မှာ ban ခံရတဲ့ IP တွေကိုမြင်နိုင်ပါတယ်..



     သူက iptables နဲ့ ban (Drop) လိုက်တာပါ....



     ခဏခဏ အကြိမ် များလာရင်တော့ network ရဲ့ firewall system မှာ အဲဒီ IP ကိုအသေသာ block လုပ်လိုက်ပေါ့

     ဆက်လက်၍  သိချင်သူ များအတွက် >>

Ref:

- http://www.fail2ban.org/wiki/index.php/Main_Page
- http://www.fail2ban.org/wiki/index.php/MANUAL_0_8
-

>>

UTEE

Wednesday 16 November 2011

VMware Disk Image Drive ကို Size ဘယ်လို Extend ထက်တိုးမလဲ..

  တခါတုန်း office မှာ user ကအကူအညီ တခုတောင်းလာတယ်.. သူအသုံးပြု နေတဲ့ VMware Image တခုမှာ Virtual Hard-Drive ကပြည့်ခါနီး နေပြီတဲ့.. Virtual Hard-Drive ကို Extend လုပ်လို့ ရမလား တဲ့.. သာမန် ဆိုရင် နောက်ထက် Virtual Hard-Drive တခုကို Add လုပ်ပေး လိုက်ရုံ ပဲပေါ့.. ဒါပေမဲ့ သူလိုချင်တာက  နောက် Hard-Drive တလုံး( နောက် Partition) အသစ်တခု မဟုတ်ဘူး..ဥပမာ.. သူ vmware image မှာ virtual hard-drive တခုပဲ ရှိတယ် size က 10Gb.. သူက အယ်ဒီ မူရင်း virtual hard-drive (10Gb) ကို size (20Gb) extend လုပ်ချင်တာ..
     အစတော့ နဲနဲ စဉ်းစား သွားတယ် နောက်တော့ Virtual ပါဆို ရရ မှာပေါ့ဆိုပြီ ရှာကြည့်တော့ တနေရာ မှာသွားတွေ့တယ်...
VMware WorkStation Install လုပ်ထာ:တဲ့ စက် တွေမှာဆိုရင် အဲဒီ tool ကပါပြီသား..

Tools Name: vmware-vdiskmanager
Use with    : Command Prompt

     သာမန် အားဖြင့် c:\programs\vmware\vmware-workstation  အောက်မှာပါ။
    
     Extend လုပ်ချင်တဲ့ Virtual Hard-Drive Name က ABC.vmdk ဆိုပါတော့.. command prompt (cmd) ကနေပြီ c:\programs\vmware\vmware-workstation အောက်ကိုသွားလိုက်ပါ..

# cd c:\programs\vmware\vmware-workstation

အောက်က command နဲ့ ကိုလိုချင်တဲ့ size ကို extend လုပ်ပါတယ် (အရင် 10GB ရှိတာကနေ နောက်ထက် 10GB ထက်တိုးမယ်ထား ,  အဲဒီတော့ total 20GB  ပေါ့)

# vmware-vdiskmanager -x 20GB ABC.vmdk

အဲဒါ လေးပဲ....Process ပြီးတဲ့ အထိ စောင့်လိုက်ပါ..

မှတ်ချက်: Extend လုပ်မဲ့ VMware Image မှာ Snapshot တွေ Clear ဖြစ်ရပါမယ်။ နောက် အဲဒီ VMware Image က Power-Off ထားရ ပါမယ်..

ဒါကတော့ နောက်မှ ရှာတွေတဲ့ vdiskmanager  ရဲ့  အသုံးပြုနည်းပါ
http://www.vmware.com/pdf/VirtualDiskManager.pdf

ဒီ Link ကတော့ extend လုပ်ခြင်း အတွက် vmware knowledge-base  ပါ..
http://kb.vmware.com/selfservice/microsites/search.do?language=en_US&cmd=displayKC&externalId=1004047

>>

UTEE

Monday 17 October 2011

NAS (Network Attached Storage) အ ကြောင်း လေး တခု ကို ဆွေးနွေး ချင် ပါတယ်

     လူတ ဦး နဲ့ တဦး Network ချိတ်ဆက် ပြီ အသုံး ပြု လာတဲ့ အခါ Information တွေ Share ချင် တာတို့ Data တွေကို Store လုပ်ချင် တာ တို့ဆိုလာ ရင်  Network ကကြီးတာ သေးတာနဲ့ မဆိုင် ပဲ NAS တွေဆိုတာ လိုအပ် လာ မှာပါ...အဲဒီ အချိန် NAS ဝယ်တဲ့ အခါ အ ရွေး မမှား ဖို လိုအပ် ပါတယ်.. အဲဒီ တော့ ဒီမှာ ကျနော် အ တွေ အ ကြုံ လေးတခု ကို Share ပေး လိုက်ပါတယ်..

      သုံးဖူး သမျှ (Synology | Buffalo | Dlink) ထဲမှာတော့ Synology ကို Recommand ပေးချင် ပါတယ်...ဘာကြောင် လဲဆိုတော့ကာ

ကောင်းတဲ့ အချက်များ

1) Synology HelpDesk Support 99% (Excellent) support@synology.com

( RAID5 မှာ HDD နှစ်လုံး ဂိ သွားလို သေမလိုရှင် မလို အ ခြေ အ နေ က  ရဲ့ Synology HelpDesk အကူအညီ ကြောင် DATA တွေ 99% ပြန် ရတယ်ဗျာ သာမန် ဆိုရင် RAID5 မှာ HDD  နှစ်လုံး ဂိ  တာနဲ့ DATA ပြန် ရဖို ဆိုတာ တော်တော် လေးကို မ တွေး ဝန့် စရာပဲ | Synology ကို Phone မဆက်သေး ခင် Data Recovery Company တခု ကိုမေး ကြည့်တော့ ဈေးကလဲ ကြောက်စရာ နောက် 50% တောင် warrenty မ ပေးနိုင် ပါဘူးတဲ့။)

2) DSM (Disk Station Manager) firmware က သူများ နဲ့မတူအောင် ရှင်းရှင်း လင်းလင်း နဲ့ လွယ်ကူစွာ  Management လုပ်နိုင် ပါတယ်. ( Now Latest DSM Firmware is 3.2 )

3) User & Group ကိုလည်း သင့်တင့် တဲ့  အ ရေ အတွက် အထိ Create လုပ်နိုင် ပါတယ်

4) နောက် သူ့ကို Router တလုံးအ နေနဲ့သော်၎င်း Media Server အ နေနဲ့သော်၎င်း  Web Server အ နေနဲ့သော်၎င်း FTP Server အ နေနဲ့သော်၎င်း Audio Station အ နေနဲ့သော်၎င်း Photo Station အ နေနဲ့သော်၎င်း  Surveillance Serv er (For IP Cameras) အ နေနဲ့သော်၎င်း Printer Server အ နေနဲ့သော်၎င်း စသည့်အားဖြစ်  အသုံး ပြုနိုင် ပါတယ်

5) နောက် သူ့မှာ Firewall System  ၊ Domain နဲ့ ချိတ်ပြီ သုံး နိုင်မှူ ၊ System ကတခုခု ဖြစ် ရင် Notification System က Auto Alert ပေးနိုင် မှူ စသည့် အားဖြစ် Good ပါတယ်

6) Window/Mac/Linux အကုန်လုံး နဲ့ Compatible  ဖြစ်ပါတယ်..

7) RAID System ပိုင်းမှာ ဆိုရင် လဲ သူ့ရဲ့ HDD Bays နဲ့ Model ပေါ်မူ တည်ပြီ RAID 1, 5, 1 0 စသည့်အားဖြစ်  အမျိုးမျိုး support ပေး ပါတယ်..

8) Read/Write Speed ကလည်း တခြား Brand တွေထက်မနိမ့် ပါဘူး .. Compare with QNAP http://www.storagereview.com/synology_diskstation_ds411_review

9) OS ကလဲ Linux OS , FileSystem ကလဲ Latest EXT4  အထိ ကို Support ပေး ပါတယ်

မ ကောင်းတဲ့ အချက်များ

1) Permission သတ်မှတ် ရာမှာ Share Folder ရဲ့ First Level ကိုပဲ Permission သတ်မှတ် လိုရပါ တယ်။ ကျန်တဲ့ Level နဲ့ File တွေကိုတော့ Owner ကသာ Block လုပ်ထား ခြင်းမျိုးသာ လုပ်၍ ရပါတယ်။ ( တခြား Brand တွေမှာ ဘယ်လို လဲ ဆိုတာ တော့မသိပါ )

2) နောက် DSM Firmware ကို upgrading လုပ် ရင် အ သေ အ ချာ ဂရု စိုက် လုပ် ရပါတယ် ဘာလိုလဲ ဆိုတော့ RIAD System နဲ့ Currently Run နေတဲ့ System တခုကို Firmware Upgrade လုပ်မယ် ဆိုရင် ကိုလုပ်တဲ့ အဆင့် တွေ မှား ရင် သော်၎င်း Upgrading လုပ်နေစဉ်  မီးပျတ်ခြင်းမျိုး ဖြစ် ရင်သော်၎င်း RAID System ပျက်သွားနိုင် ပါတယ်... (လိုအပ်ခဲ့သော် Synology Support ရယူပြီ လုပ်သင့် ပါတယ်)

3)ဈေးက တခြား Brand တွေထက် နဲနဲ ပိုဈေး ကြီး ပါတယ်

   
     နောက်ဆုံး ပြောချင် တာက တော့ NAS ဝယ်သုံးမယ်ဆိုရင်တော့ Stable ဖြစ်ချင် တယ် Features စုံချင် တယ် Performance ကောင်းချင် တယ်ဆိုရင် တော့ SYNOLOGY ကိုသာရွေး ချယ်သင့် ပါတယ်..

****** လူတဦး နဲ့ တဦး အကြိုက် မတူ နိုင် ပါ လွတ်လပ် စွာဝင် ရွောက် ဆွေးနွေး နိုင် ပါတယ်  ******

>>

UTEE

Friday 14 October 2011

VM Image LOCK ကျသွားရင် ဘယ်လို လုပ် ရမလဲ???

သင်ရဲ့ Snapshot တွေနဲ့ Run နေတဲ့ VM-Image က ပုံပါ အတိုင်း LOCK ကျသွား ပြီဆိုပါတော့...



ဘာလို့ LOCK ကျတာ လဲဆိုတဲ့ အကြောင်းအရင်း ကတော့။။။ .vmdk file တွေတခု ထက်ပို ရှိလာလိုပါ. ဘာလို့ .vmdk တွေပို လာလဲဆိုတော့ Snapshot တွေကြောင်. ပိုလာတာ ပါ..အဲဒီ Snapshot Disk (snapshot file extension with .vmdk) တွေထဲကတခု က LOCk ကျသွားတာပါ...
VMware က .vmdk file တွေကို Name မထက်အောင် တော့ ခွဲ ပြီ Save ပါတယ်... ( ဥပမာ ။ yourVMimage-xxxx1.vmdk)
ဒီ Problem က VM-Image ကိုတနေရာကနေ တနေရာ ကို (to different LUM (logical unit number)) ရွှေ့ တယ် ပြီးနောက် အရင်နေရာ (to same LUN) ကို ပြန် ရွှေ့တဲ့အခါ မျိုး OR နောက် .vmx file corrupted  ဖြစ်တဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်..

(အဲဒီ အခါ မှာ သင်ဟာ အဲဒီ VM-Image ရဲ့ Folder အောက်က MAIN  ဖြစ်တဲ့ .vmdk file ကို copy လုပ် ၊ ပြီနောက် New Virtual Machine အသစ် create လုပ်ပြီ HDD နေရာမှာ Existing Virtual Disk  ကို point  ပေးပြီ ပြန် Run  ရင် Run နိုင်ပါတယ်..ဒါပေမဲ့ Snapshot တွေဆီ ပြန်သွား ချင်ရင်ဘယ်လို လုပ်မလဲ??)

ဒီနေရာ မှာ Snapshot တွေလဲ မပျက်ဘူး Lock ကျတာလဲ Clear ဖြစ်ဖို အလွယ်ဆုံး နည်းလမ်း ကတော့ သင်ရဲ့ VM-Image Folder အောက်က .lck နဲ့ဆုံးတဲ့ file  တွေကို delete လုပ်လိုက် ပါ  ပြီ:ရင် သင် VM-Image ကိုပြန် Run ပါ OK သွားပါ လိမ်မယ်...




သိတာ လေး share လိုက်ပါသည်...:)

Note: " ရွှေ့" ကို burglish  တွင် ရိုက်တာ မရလို Gtalk တွင် ရိုက် ပေးသော May Net (Internet and Game Center) အား ကျေးဇူး တင်ပါသည်။။.

>>

UTEE

Ref:
http://kb.vmware.com

VMware Guest Image (Window, Linux, ..) တခုကို High Performance သုံးလိုရအောင် ဘယ်လို လုပ်မလဲ

  ဥပမာ... သင်သူငယ်ချင်း တ ယောက်က ငါ window OS  နဲ့မင်းလိုချင်တဲ့ server ကို  vmware image လုပ်ထားတယ် အဆင်သင် သုံး ရုံပဲ ဆိုပြီပေးလိုက် ပြီ ဆိုပါတော့.. (ဤနေရာတွင် Local Machine တခုခုကို Vmware Converter  နဲ့ VMware Image အဖြစ်သို  convert လုပ်ထားခြင်း များလဲပါဝင်သည်)
         သင်လဲ copy ကူး ယူလာပြီ သင်ရဲ့ Laptop or PC ပေါ်က VMware Workstation or Server or Player  နဲ့ သုံးကြည့်ရော... သင်သူငယ်ချင်း ရဲ့စက်ပေါ်မှာ စပြီ Create  လုပ်ခဲ့တဲ့ VM-Image က  သင်ရဲ့စက် ပေါ်မှာ RUN တဲ့အခါ Screen  ကလဲ Full မမြင်ရဘူး Hardware တချို ကလဲ Driver တွေမတွေ့ဘူး ဆိုပါတော့... သင်သူငယ်ချင်း စက်ပေါ်မှာ တုန်းက အကောင်း သင်စက် ပေါ်  ရောက်မှ Basement Hardware ချင်းမတူ တော့ ဖြစ်တက်ပါတယ်... အဲဒီအခြေအနေ မှာ VMware Tools (http://www.vmware.com/support/ws55/doc/new_guest_tools_ws.html)  ကိုလိုလာပါပြီ....

VMware Workstation သုံးတဲ့သူများ အဖိုက တော့ VMware tool ပါပြီ သားမို လွယ်ကူ ပါတယ်...

For VMware Player User
         သင်က VMware Player ကိုသုံး ပြီ RUN တယ် ဆိုရင်တော့ VMware Player Latest Version  တွေမှာ Auto  မပါတော့ပါဘူး.
VMware Tools ကို www.vmware.com ကနေ down ရင် down OR VMware Workstation Install လုပ်ထားတဲ့ စက်တလုံး ကနေ လိုအပ်တဲ့ file တွေကို copy ပြီ ကိုသင်ရဲ့ vm-image ထဲကို install လုပ်ခြင်း ဖြစ်လဲရ နိုင်ပါတယ်..

         File Copy ပြီ Install လုပ်မယ်ဆိုရင်တော့......
1) Workstation Install လုပ်  ထားတဲ့ စက်ရဲ့ "c:\Program Files (x86)\VMware\VMware Workstation"  Folder အောက်က "windows.iso" file  ကို copy ကူး ပြီနောက် သင်စက် တနေရာရာ မှာ paste  လိုက်ပါ. [အဲဒီ Folder အောက်မှာ .iso extension နဲ့ file (winPre2k.iso, windows.iso, solaris.iso, netware.iso, linux.iso, freebsd.iso)  များကို တွေနိုင်ပါတယ်.. အခု vm-image က window OS ဆိုတော့ windows.iso ပေါ့  Linux OS ဆိုရင် linux.iso ပေါ့ ]
2) အဲဒီ windows.iso ကို သင် vmware player ရဲ့  Edit Virtual machine setting  ထဲက CD/DVD section နေရာမှာ iso ကို သုံးမယ်ဆိုပြီ သင် ရဲ့ windows.iso ထားထား တဲ့နေရာ ကို point ပေးလိုက်ပါ..




3)သင်ရဲ့ vm-image ကို power-on လိုရပါပြီ. သင်ရဲ့ vmware os ထဲက cd/dvdrom  ကို ဖွင့်ပြီ vmware tools ကို install လုပ်လိုရ ပါပြီ။ installation ကနဲနဲ တော့ကြာ ပါတယ်။။  ပြီနောက် vmware OS ကို Reboot လုပ်လိုက်ပါ... သင်ရဲ့ VMware OS ကို Check ကြည့်လိုက်ပါ... VMware Tools Install မလုပ်ခင် ကနဲ့ ကွာသွားပါ  လိမ်မယ်...

>>
UTEE

Ref:
http://kb.vmware.com

SSH Access To VMware ESXi Server

သင်ဟာ VMware ESXi OS ကို VMware vSphere Client မှ Management လုပ်တယ်ပဲ ထားအုံး တချို သော အချိန်တွေ မှာ SSH Access ကို လိုအပ်ပါတယ်..

သာမန် အားဖြင့် VMware ESXi OS Installation ပြီသည့်နောက် SSH ကို Auto မဖွင့်ထားပါဘူး...

အဲဒီတော့ SSH Access ကို Open  ဖိုကို အောက်ပါအ တိုင်း Follow လုပ်လိုက်ပါ

VMware ESXi Host မှာ Installation  ပြီတဲ့နောက် First Screen မှာ သင်ရဲ့ VMware ESXi Version နဲ့ နောက်  သင် Host ရဲ့ CPU and Memory Information  တွေကို မြင်တွေရမှာ ပါ... အဲဒီ screen ရဲ့ဘယ်အောက်ဒေါင် မှာ <f2> Customize System  ညာအောက်ဒေါင်မှာ  <f12> Shut Down/Restart ဆိုတာတွေပါပါ တယ်..</f12></f2>

1) အဲ ဒီ Screen နေရာမှာ Alt+F1  ကို press လိုက်ပါ..

အဲဒီနောက် (-) sign လေးမိတ်တုက်မိတ်တုက် ပဲသင် မြင်ရပါမယ်

2) CLI Prompt ထဲကို ရောက်ဖိုကို " unsupported "   ဆိုပြီ  ရိုက်ပြီ enter press လိုက်ပါ  (သင်ရိုက်တာ ဘာမှ မြင်ရမှာမဟုတ် ပါဘူး)

password တောင်းပါ လိမ်မယ်

3) " unsupported " ထက်ရိုက်ပါ (Root အတွက် password setup  လုပ်ပြီပြီ ဆိုရင်တော့ root password ကိုရိုက်ပါ)

CLI Prompt ထဲကို ရောက်ပါပြီ

4) ပြီနောက် vi edit  နဲ့ /etc အောက်က inetd.conf  ကို edit လုပ်ဖို "vi /etc/inted.conf"  ရိုက်လိုက်ပါ

5) inetd.conf ထဲမှာ Remote shell access ဆိုတဲ့ section မှာ ssh အတွက် လိုင်း၂ကြောင်း telnet အတွက်   လိုင်း၂ကြောင်း မြင်ရတဲ့ အထဲက ssh stream tcp  လိုင်းရဲ့ ရှေဆုံးက "#" sign  ကို remove လုပ်လိုက်ပြီ save လိုက်ပါ... ( IPv6 အတွက်ပါဆိုရင် ssh stream tcp6 ဆိုတဲ့လိုင်း ပါ "#" sign လေး remove လုပ်ရန်)

6) ပြီရင်တော့ ESXi Server ကို Restart ချလိုက်ပါ.. Restart  မချချင်ဘူး ဆိုရင်တော့ "ps -a |grep inetd"  ရိုက်ပြီ inetd ရဲ့ process number ကိုကြည့်ပြီ "kill process-number" နဲ့ kill  လိုက်ပါ ပြီရင် "inetd" ရိုက်ပြီ inetd service ကိုပြန် run နိုင်ပါတယ်....

 ရပြီ SSH Client တခုခု နဲ့ Login  ဝင် လိုရပါပြီ.... :)

>>

UTEE


Ref:
http://kb.vmware.com

VMware ESXi ကို စမ်းကြည့်မယ်....

*****VMware ESXi ရဲ့ History တွေ အသုံးဝင် ပုံ တွေကို သင်ရှာ ပြီ ဖက်နိုင် မည်ဟု မျော်လင် ပါသည်*****


သင်ဟာ သင့်ရဲ့ local servers တွေအတွက် hardware တွေအများကြီး မသုံး ချင် တဲ့အခါ မှာ သင်ဟာ သင်ရဲ့ local servers တွေကို Virtual Run  ဖို စဉ်စား ကောင်း စဉ်စားပါ လိမ် မယ်. အဲဒီအခါ ကျရင်တော့ လက်ရှိ မှာတော့ VMware ESXiက အကောင်းဆုံးလို မြင်မိပါတယ်...

ဘာကြောင် လဲဆိုတော့ VMware ESXi 4.1(VMware 5 က Release လုပ်ဖို နီးနေပါပြီ Free Version ရမရတော့ မသိသေး ဘူး) အထိကို free version အနေနဲ့ အသုံး ပြုလို ရ ပါတယ်... Free Version ဆိုပေမဲ့လဲ Full Version ရဲ့ 80% လောက် ကို ပြည့်ပြည့်စုံစုံ ရှိလှပါတယ်.. www.vmware.com မှာ Account ဖွင့်ပြီ download လုပ်နိုင်ပါတယ် Free Version အ တွက် License Key  ပါပေး ပါ လိမ်မယ်. License Key မထဲ့ ရင်တော့ ရက်သုံးဆယ် version ပေါ့... Free License Keyနဲ့ Active လုပ်ပြီရင် တော့ Never Expires  ဖြစ်ပါမယ်...

အဲ တခုက VMware ESXi OS အတွက် တကဲ့ ကို Virtualization Support ပေးတဲ့ Server Hardware (Product for VMware) နဲ့ Host လုပ် မှာလား ဒါမှ မဟုတ်  High Performance PC တလုံးနဲ့ လုပ်မှာ လားဆိုတာ တော့ ကိုရဲ့ Budget ပေါ်မူတည် ပြီ ဆုံးဖြတ် ပေါ့...
(Note: Datacenter တွေ Large Network and Servers Infrastructure  တွေ အတွက်ဆိုရင် တော့ VMware အတွက် သီးသန် ထုတ်တဲ Product  ပဲသုံး ပါတယ်/ တွေဝယ် သင်ပါတယ်..)

သာမန် အတွက် ဆိုရင်တော့ High Performance Type တွေကိုပဲ  သုံးသင် ပါတယ် ။။ ဘာလိုလဲ ဆိုတော့ တကယ် Server Product for VMware တွေက ဈေးမသေး လိုပါ... :)

ဒါဆိုရင် VMware ESXi support  ပေးတဲ့ Hardware တွေ ရွေးချယ် ဖို လိုလာပါပြီ...
VMware ESXi က hardware တိုင်းနဲ့ တော့ compatible  မဖြစ်ပါဘူး အဲ့ဒါ ကြောင် VMware ESXi အတွက် Hardware ဝယ်တော့မယ် ဆိုရင် အရင်ဆုံး compatible ဖြစ်မဲ့ hardware ကိုမဝယ်ခင် ရွေးချယ် သင်ပါတယ်။။။ ဝယ်ပြီးမှ compatible မဖြစ်ဝူး ဆိုသေပြီ ပဲ..

VMware  ESXi  compatible  ဖြစ်တဲ့ hardware list  ကို ဒီ Link (http://www.vm-help.com/esx40i/esx40_whitebox_HCL.php  || http://ultimatewhitebox.com/ ) တွေနဲ့ check ပြီရွေးချယ်နိုင်ပါတယ်...

အဒီက တွေနိုင်တဲ့ problem တွေကတော့
1) onboard network card တော်တော်များများ default support မဖြစ်ပါဝူး ( support ဖြစ်တဲ့ network card သက်သက်ဝယ် ပြီးသုံး ရင် အဆင် ပြေပါတယ် / မဝယ်ချင်ဘူး ဆိုရင်တော့ driver patch  ရှာ download ပြီ သုံးနိုင်ပါတယ် )
2) Storage အတွက် RAID လုပ်မယ်ဆိုရင် Software RAID  နဲ့ Compatible မဖြစ်တာ များပါတယ် ( Hardware RAID ဝယ်သုံးပါ )

ရွေးချယ် list လုပ်ပြီ ပြီဆိုရင်တော့ မိမိ ၏ list အရ hardware ဝယ်ပြီ install လုပ်နိုင်ပါပြီ..

Note: Network Card သက်သက်သုံး မယ် / နောက်မှ Driver Patch ကို download လုပ်သုံး မယ်ဆို ရင်တော့ compatible မဖြစ်တဲ့ Onboard Network Card  ကို Disable လုပ်ပြီ မှ ESXi Installation Complete ဖြစ်နိုင်ပါမယ်.

ကျန်တဲ့ အပိုင်းလေး တွေ ကြုံကြိုက်ရင် share ပါဦးမည်....

>>

UTEE

Ref:
http://kb.vmware.com

Thursday 6 October 2011

Bridge Server (Transparent Firewall) တလုံး ရဲ့ အသုံး ဝင် ပုံ


     ဒီတခါ မှာတော့ small network infracture က နေ large network infracture အထိ ကို အသုံး ဝင် တဲ့ Linux Bridge Server တခု အ ကြောင်း ကို share ပါမယ်.. ဒါပေမဲ့ Medium, Large Network infrature အတွက် ဆိုရင်တော့ Feature တွေစုံတဲ့ Router မျိုးတွေပဲ ဝယ်သုံးတော့ မှာပေါ့။ အခု share မှာက ပိုက်ဆံ အများကြီး မသုံးချင် တဲ့ small network infracture လေးတွေ အတွက်ပါ။ Firewall လိုလဲ ပြောလိုရပါတယ်.  Transparent Firewall ဆိုရင် ပိုမှန် ပါမယ်...

     Bridge ဆိုသည့် အတိုင်း တခုနဲ့တခု ကိုချိတ်ဆက် ပေးမှာပါ။ ရှင်းပါတယ်။ ဒါပေမဲ့ အဲဒီလို ချိတ်ဆက် ပေးမူမှာ  ဘယ်ဟာ ပဲဖြတ်သန်း ခွင်. ပေးမယ် ဘယ်ဟာကိုတော့ NO ပါဆိုပြီ သက်မှတ်ပြီ လုပ်ကြည့်ရ အောင်.. 
တကဲ့ကို simple ကျပါတယ်... အောက်က ပုံလေး ကိုတချက် ကြည့်လိုက် ပါ...


     အရင်ဦးဆုံး အထက်ပါ ပုံတွင် ပါတဲ့ IP and Information ပြောပါမယ် (နားလည် မူလွယ်အောင် ပါ)...

1) Modern + Router (Home Level Router)
IP   : 10.10.10.1
Subnet   : 255.255.255.240
Broadcast  : 10.10.10.15
Host Address Range : 10.10.10.1 - 10.10.10.14

2) Bridge 
IP   : 10.10.10.5
Subnet   : 255.255.255.240
Broadcast  : 10.10.10.15
Gateway   : 10.10.10.1
Service    : To provide as like firewall/bridge

3) Server 1 
IP   : 10.10.10.2
Subnet   : 255.255.255.240
Broadcast  : 10.10.10.15
Gateway   : 10.10.10.1
Service    : To provide web server with port 80 and 443

4) Server 2 
IP   : 10.10.10.3
Subnet   : 255.255.255.240
Broadcast  : 10.10.10.15
Gateway   : 10.10.10.1
Service    : To provide NAT server for local network

5) Server 3
IP   : 10.10.10.4
Subnet   : 255.255.255.240
Broadcast  : 10.10.10.15
Gateway   : 10.10.10.1
Service    : To provide FTP Server with port 21

     စပြီး Bridge Server အတွက် လိုအပ် တာတွေ ပြောပြီး Bridge Server ကိုစပြီ လုပ်ပါတော့မယ်.

Requirements  
1) Minimun PIII Normal System-Unit, RAM 256MB or 512MB, HDD 10GB
2) 2 Network NIC
3) Any Linux OS
4) Bridge-Utils Package

(ဒီ မှာတော့ ကျနော်က Debian 5 ကိုသုံးထား ပါတယ်)

     အရင် ဦးဆုံး OS ကို Install လုပ်လိုက်ပါ။ ( Bridge Server အ ကြောင်း ဖြစ်တဲ့ အတွက် OS install လုပ်တာတွေ ဘာတွေ မပြ တော့ပါ ). OS ကို Install လုပ်ပြီး သွားရင် တော့ ထုံးစံ အတိုင်း Install လုပ်ထားတဲ့ OS ကို update and upgrade လုပ်သင့် ပါတယ်. 

#apt-get update
#apt-get dist-upgrade

     OS ကို update/upgrade လုပ်ပြီ ရင်တော့ bridge-utils ဆိုတဲ့ package ကို install လုပ် ရပါမယ် ။ သူ့ကို install လုပ်ထား မှ bridge interface ကို တည် ဆောက် လို့ရပါမယ်...

#apt-get install bridge-utils

     စပြီ bridge interface  အတွက် script တခု စ ရေးပါမယ်. script name ကိုတော့ bridge_if လိုပေးလိုက်ပါမယ်.နောက်ပိုင်း တွင် ဒီ script ကို OS boot  စတက် တာနဲ့ run  ဖိုလုပ်မှာပါ။ အဲဒီတော့ ဒီ script ရဲ့ location က /etc/init.d/ တွင် ဆိုအ ကောင်းဆုံး ပါပဲ.

(bridge_if name နဲ့ /etc/init.d/ အောက်ထဲမှာ file တခု create လုပ်လိုက် ပါပြီ)
#touch /etc/init.d/bridge_if 

(အဲဒီ file ထဲမှာ ရေးပါမယ်)
#vi /etc/init.d/bridge_if

(ဘာ ရေးမှာလဲ? အောက်က အတိုင်း ရေးမှာပါ)
#!/bin/bash
# Creating the interface br0
/usr/sbin/brctl addbr br0

# Add the Ethernet interfaces to use with the bridge
/usr/sbin/brctl addif br0 eth0 eth1

# Start up the Ethernet interface
/sbin/ifconfig eth0 0.0.0.0
/sbin/ifconfig eth1 0.0.0.0

# Configure the bridge Ethernet
# The bridge will be correct and invisible ( transparent firewall ).
# It's hidden in a traceroute and you keep your real gateway on the 
# other computers. Now if you want you can config a gateway on your
# bridge and choose it as your new gateway for the other computers.

/sbin/ifconfig br0 10.10.10.5 netmask 255.255.255.240 broadcast 10.10.10.15
route add default gw 10.10.10.1 br0

(save လိုက် ပါ) 
:wq

----------------$$$$----------------

     Bridge Interface အတွက် ပြီးသွား ဆိုရင်တော့ တခြား IP တွေအတွက် Rules တွေရေးပါမယ်. အဲဒီ အတွက် /etc/init.d/  အောက်ထဲမှာ script နောက်တခု အတွက် file နောက်တခုထက် create လုပ်ပါမယ်. ဒီ script ကိုတော့ name "bridge_fw" လိုပေးလိုက်ပါမယ်.

(bridge_fw name နဲ့ /etc/init.d/ အောက်ထဲမှာ file တခု create လုပ်လိုက် ပါပြီ)
#touch /etc/init.d/bridge_fw 

(အဲဒီ file ထဲမှာ ရေးပါမယ်)
#vi /etc/init.d/bridge_fw

(ဘာ ရေးမှာလဲ? အောက်က အတိုင်း ရေးမှာပါ)
#!/bin/bash
################################################################
# Bridge firewall rules
################################################################
iptables -F FORWARD
iptables -P FORWARD DROP
iptables -A FORWARD -s 0.0.0.0/0.0.0.0 -d 0.0.0.0/0.0.0.0 -m state --state INVALID -j DROP
iptables -A FORWARD -m state --state ESTABLISHED,RELATED -j ACCEPT
echo "1"     

# Limit ICMP 
iptables -A FORWARD -p icmp -m limit --limit 4/s -j ACCEPT

################################################################
# Incoming traffic 
################################################################

#hostname : Server 1
#Allow for port 80 and 443 (web) connection from anywhere
iptables -A FORWARD -p tcp -d 10.10.10.2 --dport 80 -j ACCEPT
iptables -A FORWARD -p tcp -d 10.10.10.2 --dport 443 -j ACCEPT

#hostname : Server 3
#Allow for port 21 (ftp) connection from anywhere
iptables -A FORWARD -p tcp -d 10.10.10.4 --dport 21 -j ACCEPT

################################################################
# Outgoing traffic from 10.10.10.2 - 10.10.10.14
################################################################
#Allowing outgoing traffic for only port 80 and 443
iptables -A FORWARD -p tcp -s 10.10.10.2 -d 0.0.0.0/0 -j ACCEPT

#Allowing outgoing traffic for all
iptables -A FORWARD -p all -s 10.10.10.3 -d 0.0.0.0/0 -j ACCEPT

#Allowing outgoing traffic on only port 21
iptables -A FORWARD -p tcp -s 10.10.10.4 -d 0.0.0.0/0 -j ACCEPT

#Not Working IPs
#iptables -A FORWARD -p tcp -s 10.10.10.5 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.6 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.7 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.8 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.9 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.10 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.11 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.12 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.13 -d 0.0.0.0/0 -j ACCEPT
#iptables -A FORWARD -p tcp -s 10.10.10.14 -d 0.0.0.0/0 -j ACCEPT

###### Incoming traffic to Bridge ###############################
iptables -F INPUT
iptables -P INPUT DROP
iptables -A INPUT -p tcp -s 10.10.10.3 -d 10.10.10.5 --dport 22 -j ACCEPT

(save လိုက် ပါ) 
:wq

     /etc/init.d/ အောက်ထဲမှာ ရေးခဲ့တဲ့ bridge_if နဲ့ bridge_fw တွေကို excute လုပ်လိုရ အောင် permission ချိန်း ရပါမယ်..

#chmod +x /etc/init.d/bridge_if
#chmod +x /etc/init.d/bridge_fw

     ကဲ ဒါဆိုရင် တော့ အဲဒီ script နှစ်ခုကို OS boot တက်လာတာနဲ့ run ဖိုကိုလုပ် ပါတော့ မယ်။ ထိပ်ဆုံး ကိုယ် OS  ရဲ့ runlevel ကိုအရင် ချက်ရပါမယ်. ဒါမှ ကိုက ဒီ script တွေကိုဘယ် runlevel ထဲကိုထည့် ရမလဲ ဆိုတာကို သိမှာပါ. Debian မှာ တော့ runlevel တွေကို  /etc/rc0.d Run level 0, /etc/rc1.d Run level 1, /etc/rc2.d Run level 2, /etc/rc3.d Run level 3, /etc/rc4.d Run level 4, /etc/rc5.d Run level 5, /etc/rc6.d Run level 6 စသည်ဖြင့် သတ်မှတ် တယ်ပေါ့ ဗျာ.

#runlevel
N 2

     အခုက runlevel 2 မှာဆိုတော့ rc2.d ထဲကိုထည့် ရမှာပေါ့... အဲဒီ တော့ "ln" command  နဲ့ အောက်က အတိုင်း link လုပ်ပေး လိုက်ရုံ ပါပဲ..

#ln -s /etc/init.d/bridge_if /etc/rc2.d/S50bridge_if
#ln -s /etc/init.d/bridge_fw /etc/rc2.d/S50bridge_fw

    ပြီးသွားရင်တော့ eth0  နဲ့ eth1 interfaces  တွေကို manual activate လုပ်ပါမယ် ဆိုတာကို /etc/network/ အောက်က interfaces မှာအောက်ပါ အတိုင်း ဝင်ပြင်ရပါမယ်

(အဲဒီ file ထဲမှာ ရေးပါမယ်)
#vi /etc/network/interfaces

(ဘာ ရေးမှာလဲ? အောက်က အတိုင်း ရေးမှာပါ)
#The loopback network interface
auto lo
iface lo inet loopback

#The eth0 and eth1 network interface
iface eth0 inet manual
iface eth1 inet manual

(save လိုက် ပါ) 
:wq

(တခြား လိုင်းတွေ active ဖြစ်နေ ရင် "#" နဲ့ ပိတ်ခဲ့ ရန်)

      OK Script တွေကို RUN လိုရပါ ပြီ /etc/init.d/ အောက်ကိုသွား ပြီ  RUN လိုက်ရုံပါ ပဲ..

#cd /etc/init.d/
#./bridge_if
#./bridge_fw

     နောက်ပိုင်း မှာ DMZ ထဲမှာ New Server အသစ် တိုးရင်သော်၎င်း လက် ရှိ Forwarding Rule ကိုပြင် ချင် ရင်သော်၎င်း /etc/init.d/ အောက်က "bridge_fw"  ဆိုတဲ့ file မှာပြင်ရေး ရုံပါပဲ. (ရေးပြီ ရင် "./bridge_fw" ဆိုပြီ script ကိုပြန် RUN ပေးဖိုတော့ လိုပါတယ်)

Note: -  1)Network IP Scan ဆွဲရင် ဒီ Bridge IP (10.10.10.5) က Dead ဖြစ်နေပါမယ် ping ရင် လဲ ping လိုမရပါဘူး
            2)Server 1 (10.10.10.2) သူက public ကို port 80 and 443 နဲ့ service ပေးရုံပဲ  သက်ဆိုင် ရာ port က နေ service ကို reply ပြန်ရုံပဲ အဲဒီတော့ သူ့ကို outgoing traffic rule မှာ "tcp"  ကိုပဲ allow ပေးခဲ့တဲ့ အတွက် သူ့က public ကိုပြန် request လိုမရပါ ဘူး (ဥပမာ : သူက နေ internet သုံးလို မရဘူး ပေါ့) ဒါ ကောင်းတဲ့ feature ပါ တယွောက်ယွောက်က ဒီ server ကို တနည်းနည်းနဲ့ ချုပ်ကိုင် နိုင် သွားပြီ ထားဦး သူ့က နေ internet ကိုပြန်ပြီး request လုပ်ဖို မလွယ်နိုင် ပါဘူး.
            3)Server 2 (10.10.10.3)သူက ရှင်းပါတယ် သူက နေ service ပေးတာ မရှိ ဘူးလေ သူ့က local အတွက် NAT  လုပ်ပေးရုံပဲ အဲဒီတော့ Incoming traffic မှာရေးစရာ မလိုတော့ ဘူး Outgoing traffic မှာပဲ ကြိုက်တဲ့ protocol ထွက်နိုင် တယ်ဆိုပြီ "all" allow ပေးထားပါတယ်
            4)Server 3 (10.10.10.4)သူ့ကိုလဲ server 1 အတိုင်း လုပ်ထားပါတယ်
            5)အဲနောက်ပိုင်း မှာ Bridge Server  ကိုလှမ်း accept လုပ်ပြီ configure လုပ်ဖိုကို Server 2 (10.10.10.3) တခုက နေပဲ port 22 နဲ့ allow ပေးမယ်ဆိုတာ ကို bridge_fw script ရဲ့ အောက်ဆုံး မှာသက်မှတ် ခဲ့တဲ့ အတွက် သူ့ကို server 2 ip 10.10.10.2 က လာတဲ့ request ပဲ allow ပေးပါလိမ့်မယ်.

*** ဒီ sample လေးက နေ ကိုဟာကို ကို network အတွက် ဖြည့် စွတ် ၍ အသုံး ပြုနိုင် ကြပါစေ ဗျာ ***

>>

UTEE

Monday 3 October 2011

System Administrator , System Engineer တွေ သိကိုသိသင့်တဲ့ Linux System Monitoring Commands/Tools များ PART-2

#5: command name = "vmstat"

     ဒီ command က တော့ Memory, CPU, System Hardware နဲ့ ပါတ်သတ် information တဲ့ ကိုပြ ပေးပါတယ်။ သူ့ကိုလဲ Delay Time နဲ့ Timing လုပ်ပြီ ကြည့်နိုင် ပါတယ်.. သူ့က Physical Memory ရဲ့ idle ဖြစ်နေတဲ့ information, buffer, cache information များ,  နောက် Swap Space information, I/O (Input/Output) information များ, System နဲ့ပါတ်သတ် တဲ့  information, CPU နဲ့ပါတ်သတ် တဲ့  information တွေကို ပြသ ပေးပါလိမ် မယ်..


(vmstat, iostat, mpstat များ system ထဲတွင် default မပါရင် "sysstat" ဆိုတဲ့ package ကိုရှာပြီ install လုပ်ဖို လိုပါမယ်)
------------------------------------------+++----------------------------------------------

#6: command name = "iostat"

     သူက CPU ရဲ့ Avrage Usage information  နဲ့ DISK (partitions and network filesystem (nfs)) တွေရဲ့ input/output အ ခြေ အ နေ ကို ဖော်ပြ ပေးပါလိမ် မယ်.. 


(vmstat, iostat, mpstat များ system ထဲတွင် default မပါရင် "sysstat" ဆိုတဲ့ package ကိုရှာပြီ install လုပ်ဖို လိုပါမယ်)
------------------------------------------+++----------------------------------------------

#7: command name = "mpstat"

သူက Multiprocessor မှာ CPU တခုချင်းစီရဲ့ utilization ဖော်ပြ ပေးပါလိမ် မယ်။ အကယ်၍  System က CPU တလုံးထဲ ဆိုရင်တော့ Per One ပဲပြမှာပေါ့။ အောက်က ပုံက တော့ Intel Core i5 Quad-Core နဲ့ System  ရဲ့ sample  ပါ..


(vmstat, iostat, mpstat များ system ထဲတွင် default မပါရင် "sysstat" ဆိုတဲ့ package ကိုရှာပြီ install လုပ်ဖို လိုပါမယ်)

------------------------------------------+++----------------------------------------------

#8: command name = "free"

     သူက တော့ Only Memory Usage information ကိုပဲ ပြမှာပါ ( swap အပါအဝင် ပေါ့)


------------------------------------------+++----------------------------------------------

#9: command name = "pmap"

     Process တခု ရဲ့ Memory Usage ကိုကြည့် မယ်ဆို ရင် ဒီ command ကိုသုံးပါတယ်.


------------------------------------------+++----------------------------------------------

#10: command name = "df"

     System ရဲ့ FileSystem Type နဲ့ HDD's Space information တွေကို ကြည့်မယ် ဆိုရင် သုံးပါ တယ်..


------------------------------------------+++----------------------------------------------

#11: command name = "cpulimit"

     Process တခုရဲ့ CPU ပေါ်မှာ သုံးနေတဲ့ CPU Usage ကို Limit လုပ်ချင် တဲ အခါမှာ သုံးပါတယ်..



(System မှာ Default မပါပါဘူး Package Name  က cpulimit ပဲ ဖြစ်ပါတယ်)

------------------------------------------+++----------------------------------------------

#12: command name = "netstat" 

     ဒီ command က တော့ window မှာလဲပါပြီ တယ်ဆိုတော့ အ ထွေအထူး မရှိ လှပါဘူး။ Network ပိုင်း (connection, routing, interface...) နဲ့ပါတ်သက် လာရင်တော့ သူ့ကိုမသုံးမ ဖြစ်ပါ..


------------------------------------------+++----------------------------------------------

#13: command name = "ss" 

     သူက "netstat" command နဲ့ ဆင် တူ ပါတယ်... သူ့မှာက socket information တွေကိုပါ ပြနိုင် ပါတယ်..


------------------------------------------+++----------------------------------------------

#14: command name = "iptraf" 

    သူ့က တော့ Network  အ ခြေအ နေ ကို Real_Time Monitoring လုပ်နိုင် ပါတယ်။ တကယ်ကို ကောင်းတဲ့ tool ပါ။ install လုပ်ဖို တော့လိုပါတယ်။ package name က iptraf ပါပဲ။


------------------------------------------+++----------------------------------------------

#15: command name = "tcpdump" 

     သူ့ကို တော့ Network Traffic တွေကို Detail Analysis လုပ်မယ်ဆို ရင် သုံးပါတယ်။ သူ့ကို သုံးရင် Monitor Screen ကြီးကြီး နဲ့ မှ OK မှာပါ ။။ မျက်စေ့ ရှုပ်လိုပါ :)


------------------------------------------+++----------------------------------------------

#16: Package name = "MRTG"  (Web-Based Network Traffic Monitoring Tool)

     သူ့ကို တော့ ဒီ စက်မှာ configure မလုပ်ထား ပါဘူး။ အဲဒါကြောင် ဒီနေရာ http://oss.oetiker.ch/mrtg/ မှာ ရှာပြီ လေ့လာ နိုင်ပ ပါတယ်..


------------------------------------------+++----------------------------------------------

#17: Package name = "ntop" (Web-Based Network Traffic Monitoring Tool)

    သူ့က လဲ MRTG လို web-based network traffic moniotring tools  ပါပဲ။ package name က ntop ပါပဲ။ သူက mrtg ထက်ကို ပိုစုံ ပါတယ်...


------------------------------------------+++----------------------------------------------

ဒီ လွောက် ဆို လုံ လွောက် ပြီလို ထင် ပါတယ်.... :)

အချိန် ရရင် share ချင် တာ လေးတွေ ရှိပါ သေးတယ်။

>>

Thursday 29 September 2011

System Administrator , System Engineer တွေ သိကိုသိသင့်တဲ့ Linux System Monitoring Commands/Tools များ PART-1



 အခု ဖော်ပြ ပေးမဲ့ tools (basic commands) တွေက တော့ system administrator , system engineer  တွေသိသင့်တဲ့ tools  တွေဖြစ်ပါတယ်. Linux Server တခုရဲ့ Performance ကို Monitoring လုပ်ဖိုသော် လည်းကောင်း၊ Performance Problems  တွေနဲ့ပတ်သတ်တဲ့ Causes တွေကို ရှာဖွေ ဖော်ထုက် ဖိုသော်  လည်းကောင်း၊ အသုံး ဝင် တဲ့ tools တွေဖြစ်ပါတယ်... Performance Problems ဟုဆိုရာ  တွင် Bottlenecks (Disk/Storage | CPU | Network ...)  ဖြစ်ခြင်း တွေပါဝင် ပါတယ်...

     အ ထွေအထူး  စကား မချီ တော့ဘူး စကြည့် ရ အောင်.....


#1: command name = "top"

     ဒီ "top" command က တော့ run နေတဲ့ system တခု ရဲ့ process activity တွေကို ဖော်ပြ ပေးပါလိမ် မယ်.. သူက server ပေါ်က CPU မှာ ဖြစ်ပေါ်နေတဲ့ process(ဘယ်လိုပြောရမ လဲဆိုတော့ကာ ချက်ချင်းလက်ငင်း ဖြစ်ပေါ်နေ သော process တွေလို သတ်မှတ်လိုရပါတယ် )  တွေကို delay time ၅sec (default)  ကြာတကြိမ် update လုပ်ပြီ ဖော်ပြ နေမှာပါ။.


အဲ သူ့မှာက Hot Key  တွေရှိပါတယ်.... အသုံးဝင် တဲ့ Hot Key  များက တော့.....

1) "t" summary information ကို on/off  လုပ်တာပါ
2) "m" memory information ကို on/off  လုပ်တာပါ
3) "A" system resources တွေကို  အမြင့်ဆုံး သုံးနေတဲ့ tasks တွေကို အမြန်နည်းနဲ့ sort လုပ်ပြီ ရှာဖွေချင် တဲ့အခါမျိုး မှာ တကဲ့ကို good  တဲ့ key ပါ
4) "k" kill ချင် တဲ့ process/task တွေ့ခဲ့ရင်  ဒီ key ကိုနိပ်ပြီ process ID (PID) ရိုက်ထည့်ပြီ kill ရုံပဲ
5) "r" run နေတဲ့ process/task ရဲ့ priority တွေကို change ချင် ရင် အသုံးဝင် ပါတယ်..
6) "z"  တခါတ လေ မျက်စေ့ ရဲ့ အားနည်းချက် ကြောင် ရှုပ်လာ ရင် color လေးနဲ့ ခွဲခြားပြီ ကြည့်နိုင် ဖို သုံးပါတယ်.. (only -  on/off)
7) "d" delay time ကို ၅sec က နေ တခြား ကိုယ်သပ်မှတ် ချင် တဲ့ sec ကို change ချင် ရင် သုံးပါတယ်
8) "f" ကိုကြည့်ချင် တဲ့ system ရဲ့ resources ကိုပဲ specific လုပ်ပြီ ကြည့်ချင် တယ်ဆိုရင် တော့ ဒီ key ကို သုံးပြီ  ကို specific လုပ်မဲ့ resources တွေကို  ရွေးချယ်ပြီ specific task တခုကို setting ချပြီ ကြည့်နိုင် ပါတယ်..
9) "h" နောက်ဆုံး အ နေနဲ့ မသိတာရှိလို သိချင် ရင် ဒီ key ကို သုံးလိုက်ပါ.. help  ပေါ့ဗျာ..

------------------------------------------+++----------------------------------------------
#2: command name = "uptime"

     ဒီ server က စပြီ power-on လိုက်ကထဲ က အခုထိ ဘယ် လောက်ကြာ နေပြီလဲ ။။။နောက် currently logon ဝင် ထားတဲ့ user  ဘယ်နှစ် ယွောက် ရှိလဲ ဆိုတာ မျိုးကို ဖော်ပြ ပေးနိုင် ပါတယ်..


------------------------------------------+++----------------------------------------------
#3: command name = "w"

     ဒီ command က တော့ ဘယ်သူ က ဒီ server ကို ဘယ်နေရာ ( hostname/ip ) နေ logon ဝင်ပြီ သူက ဘာလုပ် နေလဲ ဆိုတာထိကို ကိုဖော် ပြ ပေးနိုင် ပါတယ်


------------------------------------------+++----------------------------------------------
#4: command name = "ps"

     ဒီ command က တော့ "top" command နဲ့ နဲနဲ ဆင် တူပါတယ် ဒါပေမဲ့ သူက information ကိုပိုပြီ detail ပြနိုင် ပါတယ်..သူက current run နေတဲ့ process တွေကို snapshot ပုံစံ နဲ့ ပြတာ ပါ.. သူ့မှာ တွဲပြီ သုံးလို့ ရတဲ့ Option တွေအများ ပါ... အဲဒီ အထဲက မှ တချို့ ကိုပဲ ဒီမှာ ဖော်ပြသွား ပါမယ်...

  1) #ps -A OR #ps -e  Process အားလုံးကို select လုပ်ပြီ ကြည့်မယ်ဆို ရင်


  2) #ps -Al OR #ps -el ဒါက တော့ Long Format  နဲ့ကြည့်တာပါ


  3) #ps axu သူကလဲ process တွေကို print လုပ်တာပါပဲ  ဒါပေမဲ့ ကြည့်ရတာ ရှင်းတယ်


  4) #ps -u username u  user တ ယွောက် ရဲ့ run နေတဲ့ process တွေကို  ကြည့်မယ်ဆိုရင်


  5) #ps axo pid,pcpu,stat,user,tty ကိုဟာကို information ကို specific လုပ်ပြီ ကြည့်မယ်ဆို ရင်


  6) #ps -C process-name   Process Name က နေ Process ID (PID) ကိုကြည့်ဖို


      ( #pgrep process-name နဲ့လဲ အသုံး လိုရပါတယ် )

  7) #ps -p process-ID  Process ID က နေ Process Name ကိုကြည့်ဖို


  8) #ps -auxf | sort -nr -k 4 | head -2 Memory အစားဆုံး Process ၂ ခု ကို ကြည့် ဖို 


  9) #ps -auxf | sort -nr -k 3 | head -3 CPU အစားဆုံး Process 3 ခု ကို ကြည့် ဖို 



Part 2 တွင် ဆဟ်ကြည့်ပါရန်


>>