Fail2Ban ဆိုတာကတော့ Framework လေးတခု ဖြစ်ပါတယ်.. IP တည်းကနေ Login Security တခုကို ချိုးဖောက်ဖို့ ကြံဆောင်လာတာတွေကို Block/Filter လုပ်ပေးတဲ့ Framework လေးပါ.. Open Source ဆိုတော့ကာ ပြောနေစရာ မလို အကြိုက်ပဲ ( Free ကို) :) အောက်က sample မှာတော့ ubuntu ကိုသုံးထား ပါတယ်... ဒီ Sample မှာတော့ SSH Login Authentication နဲ့ပဲ ပြသွားပါမယ်.. Configuration ကလဲ လွယ်ကူပါတယ်..
စပြီး Fail2Ban ကို Install လုပ်ပါမယ်...
#apt-get install fail2ban
Install လုပ်ပြီး သွားရင် configuration လုပ်ဖို့ /etc/fail2ban/ အောက်ကိုသွားလိုက်ပါ..
#cd /etc/fail2ban/
Default အနေနဲ့ /etc/fail2ban/ အောက်က jail.conf ဆိုတဲ့ file မှာ ပြင်ဆင် ရပါမယ်။ အဲဒီ ထဲမှာ ဘယ် IP တွေကို လုံးလုံး Ignore ပေးမယ်၊ Ban Time ကိုဘယ်လောက် သက်မှတ် မယ်၊ နောက်ဘယ် service တွေကို checking လုပ်မှာလဲ စသည့်ဖြင့် ပြင်ဆင်နိုင်ပါတယ်...
#vi jail.conf
ဒီမှာတော့ ssh ကိုပဲ checking လုပ်ခိုင်း ပါမယ်... ၃ကြိမ် password မှားတာနဲ့ Ban ပါမယ်...
ရပါပြီ fial2ban service ကို restart ချပါမယ်..
#/etc/init.d/fail2ban restart
သူက /var/log/auth.log ကို read ပြီ ban သင့်တာကို auto ban မှာပါ...သူ့ရဲ့ log file ကတော့ /var/log/ အောက်မှာပါ..
သူ့ရဲ့ log မှာ ban ခံရတဲ့ IP တွေကိုမြင်နိုင်ပါတယ်..
သူက iptables နဲ့ ban (Drop) လိုက်တာပါ....
ခဏခဏ အကြိမ် များလာရင်တော့ network ရဲ့ firewall system မှာ အဲဒီ IP ကိုအသေသာ block လုပ်လိုက်ပေါ့
ဆက်လက်၍ သိချင်သူ များအတွက် >>
Ref:
- http://www.fail2ban.org/wiki/index.php/Main_Page
- http://www.fail2ban.org/wiki/index.php/MANUAL_0_8
-
>>
UTEE
No comments:
Post a Comment