Wednesday 11 January 2012

Linux တခုပေါ် မှာ Hard Drive တွေကို RAID လုပ်ရအောင်..

-->


RAIDကို အသုံးပြုတဲ့ ရည်ရွယ်ချက် တွေက ကွဲလွဲနိုင်ပါတယ်... ဒါပေမဲ့ သူ့ကို Backup Server/ DataBase Server/ Sharing Server/ blar blar server အတွက်သုံးဖို့ Data Access Time မြန်မြန် ရချင်တဲ့ အခါတွေမှာ မသုံးမဖြစ်ကို သုံးကြပါတယ် (Access Time ပြောလို့ Access Time အတွက်ဆိုရင် SSD သုံးမှာပေါ့လို့တော့ မပြောနဲ့ နော်... SSD ရဲ့ ဈေးက မသေး ဘူးဆို တာငြင်း လို့မရဘူး... :D) .. အားသာချက် တွေက ရှိတာကိုး... Detail ကိုတော့ ရှာဖတ် ကြည့်ပါ ( http://en.wikipedia.org/wiki/RAID မသိ သေးသောသူ သာရည်ရွယ် ပါသည်)..

အခု sample လေးမှာတော့ RAID အတွက် information က အောက်ပါ အတိုင်း ပါ...

OS : Debian 5
Attached HDD : 10GB 4 pics
sda : System (not in array)
sdb : will be in array
sdc : will be in array
sdd : will be in array
RAID Array Level : 5 (RAID5)
Require Linux Package : mdadm

(သာမန် အားဖြင့် RAID Array 5 က အဆင်အပြေဆုံး ပဲလို့ထင်တယ် ဘာလို့ လဲဆိုတော့ HDD ၃လုံးက နေစလိုရတယ်.. Fault Tolerance က ၁လုံး လက်ခံတယ်.. နောက် မူရင်း HDD Size နဲ့ တအား မကွာသွားဘူး)

စပြီ လိုအပ်တဲ့ mdadm ကို အရင် install လုပ်ပါမယ်..
#apt-get install mdadm


အရင် Attach လုပ်ထားတဲ့ HDD တွေရဲ့ Information တွေကို ကြည့်ပါမယ်..
#fdisk -l



အဲဒီမှာ /dev/sda1 /dev/sda2 /dev/sda5 တွေက system အတွက် သုံးထားတဲ့ sda ရဲ့ partition တွေ ပါ သူ့ရဲ့ partition တွေကို system ကသိနေပါပြီ.. အဲ /dev/sdb /dev/sdc နဲ့ /dev/sdd တွေကိုတော့ system က partition အနေနဲ့ မသိသေးပါဘူး..

fdisk နဲ့ပဲ အဲဒီ Hard Drive တွေကို System က Partition အနေနဲ့ သိအောင် လုပ်ပေးမယ် နောက် RAID Create လုပ်ရင် Auto Detect ဖြစ်အောင်ပါ တခါတည်း လုပ်ပါမယ်.. Hard Drive "sdb" ကို စလုပ် ပါမယ်.. အဲဒီ အတွက် fdisk command နဲ့ အောက်က အတိုင်း စပါမယ်..

#fdisk /dev/sdb

Command ရိုက်ပြီး ရင် တော့ အောက်က ပုံထဲမှာအတိုင်း လုပ်ဆောင် ပါမယ်...


n = new partition လုပ်ပါမယ်
p = primary partition ပါ
1 = partition number ပါ ( 1 to 4 မိမိ ကြိုက်နှစ်သက်ရာ ပေးနိုင်ပါတယ်)
First cylinder ဘယ်က စမလဲ Default “Enter” ခေါက်ပါမယ်..
Last cylinder ဘယ်မှာ ဆုံးမလဲ Default “Enter” ခေါက်ပါမယ်..

t = partition's system id ကို change ပါမယ်..
fd = partition ရဲ့ system type ကို change ပါမယ်.. linux raid auto ဆိုတဲ့ system type ကို change ပါမယ်..

w = အထက်ပါ လုပ်ဆောင်ချက်တွေကို save တာပါ..

/dev/sdb အတွက် ပြီးသွား ပါပြီး .. အထက်ပါ အဆင့်တွေ အတိုင်း /dev/sdc နဲ့ /dev/sdd အတွက်ပါ လုပ်လိုက်ပါမယ်..

"fdisk -l" command နဲ့ တချက် စစ်ကြည့် လိုက်ပါ Hard Drive ၃ခု လုံး RAID အတွက် Ready ဖြစ်နေပါပြီ..

#fdisk -l



အဲဒီ /dev/sdb1 /dev/sdc1 /dev/sdd1 partitionသုံးခုကို RAID စလုပ်ပါမယ်..

#mdadm --create /dev/md1 --level=5 --raid-disk=3 /dev/sdb1 /dev/sdc1 /dev/sdd1



အဲဒီ Array လုပ်ထားတဲ့ /dev/md1 ကို Format ချပါမယ် File System “ext3” နဲ့ပါ..

#mkfs.ext3 /dev/md1



အဲဒီ Format ချထားတဲ့ /dev/md1 Device ကို အသုံးပြု နိုင်အောင် mount လုပ်ပါမယ် backup ဆိုပြီ Directory တခု ဆောက်ပြီး အဲဒီ ပေါ်ကို mount လုပ်ပါမယ်...

#mkdir /backup
#mount /dev/md1 /backup



System မှာ အမြဲ mount ဖြစ်ဖို့ကို /etc/fstab မှာသွား ရေးပါမယ်..

#vi /etc/fstab



ရေးပြီး Save ပြီးရင် System ကို Restart တခေါက်လောက် ချကြည့်ပါSystem ပြန်တက်လာရင် သင့်ရဲ့ RAID5 Arrayလုပ်ထားတဲ့ Device ကိုသုံး ဖို့ Ready ဖြစ်နေပါပြီ...

#df -H


RAID5 Device ရဲ့ Info ကိုကြည့်ပါ မယ်..
#mdadm --detail /dev/md1



ဒီ RAID Array Device ကို Management/Control လုပ်ဖို့ဆိုရင် "mdadm” ဆိုတဲ့ commandကိုတော့ detail သိရှိ ထားဖို့လိုအပ် ပါတယ်...

ကဲ ပြသနာ ရှာကြည့်ရအောင်..... :D
နောက်ဆုံး Hard Drive (/dev/sdd) ကို ကြိုးဆွဲ ဖြုတ် လိုက်ပြီ ဗျာ Hard Drive မကောင်းတော့ဘူး ပျက်သွားတယ်ပေါ့ .. :D RAID5 Array Detail ပြန်ကြည့်ရအောင်...

#mdadm --detail /dev/md1


အဲဒီ remove လုပ်လိုက်တဲ့ Hard Drive နေရာမှာ တခြား Hard Drive တလုံးကို Attach လုပ်ပြီး RAID ကိုပြန်ပြင် ပါမယ်.. (အဲဒီမှာ သတိ ထားရမှာက နောက် အစားထိုး မဲ့ Hard Drive က ယခင် Hard Drive နဲ့ Size ခြင်း တူရင်တူ မတူရင် ကြီး ရပါမယ် ငယ်လို့ မရပါ)

ဒီမှာတော့ New 12GB Hard Drive ကို အရင် Hard Drive နေရာမှာ အစားထိုး ထားတော့ system မှာယခင် Drive Name /dev/sdd နဲ့ပဲပြန်ပေါ်ပါတယ်.. System က partition တခု အနေနဲ့ သိရအောင် အပေါ်က partition createလုပ်တဲ့ ပုံစံနဲ့ New Hard Drive ကို partitionအရင် လုပ်ပါ..

ပြီးရင် အောက်က Command နဲ့ New Hard Drive ကို Add ပေးလိုက်ရုံ ပါပဲ....

#mdadm /dev/md1 --add /dev/sdd1

-->


Detail ကြည့်ကြည့်ပါ သူဟာသူ RAID ကို Re-Building ပြန်လုပ်နေပါလိမ့်မယ်..

#mdadm --detail /dev/md1



ကဲ ဒီလောက်ဆို OK မှာပါ။... Cheers !!!

Ref:


>>

UTEE

No comments:

Post a Comment