Thursday 26 January 2012

လက်ရှိ IPv4 network ထဲမှာ IPv6 နဲ့ပါ အလုပ်လုပ် ရအောင် (IPv6 DHCP)

     တခါတရန် IPv4 Network ထဲမှာ IPv6 တွေနဲ့ run  ဖို့ / မိမိ webapp  တွေကို IPv6 တွေနဲ့ရော အဆင်ပြေ ပမလား ဆိုပြီး testing လုပ်ဖို့ လိုအပ် လာရင် IPv4 Network မှာ IPv6 address ပါတွဲ ပြီ လိုအပ်လာ ပါမယ်...

- Network မှာ IPv4 နဲ့ လက်ရှိ run နေပြီ လို့ယူစပါတယ်..
- လက်ရှိ network မှာ IPv4 အတွက် DHCP  ရှိပြီးသားလို့ ယူစ ပါတယ်
- ယခု SAMPLE  သည် Local Only အတွက်သာ ဖြစ်ပါတယ်
- သာမန် Linux OS (recommended kernal 2.6.x)  တခု နဲ့ လုပ်မှာပါ (IPV6 ready ဖြစ်ဖို့ ဒီ kernal ကိုသုံးတာပါ)
- လိုအပ်တဲ့ Package ကတော့ radvd (Router Advertisement Daemon)ပါ..

     စပြီး လိုအပ်တဲ့ package radvd ကို install လုပ်ပါမယ်..
#apt-get install radvd



     သူ့ radvd.conf file က /etc အောက်မှာ သာမန် automatic ပါမလာပါဘူး အဲဒါကြောင့် radvd.conf file ကို manually  လုပ်ပါမယ်
#vi /etc/radvd.conf



     အဲဒီ  radvd.conf ထဲမှာ အောက်ပါ အတိုင်း configuration ရေးပါမယ်

interface eth0 {
        AdvSendAdvert on;
        MinRtrAdvInterval 3;
        MaxRtrAdvInterval 10;
        prefix 2001:1000:1000:1000::/64 {
                AdvOnLink on;
                AdvAutonomous on;
                AdvRouterAddr on;
        };
};



(ဒီမှာတော့ eth0 network card ကနေ IPv6 address တွေကို release လုပ်မှာပါ | Global Unicast Address နဲ့ပဲ သုံးပါမယ် )

     IPv6 ကို Allow ပေးဖို့ /etc/sysctl.conf မှာသွား ပြင်ပါမယ်..
#vi /etc/sysctl.conf

အောက်ပါ စာကြောင်း ကိုရှာပြီး ထို စာကြောင်း ရှေ့က "#" sign ကို remove လုပ်ပြီး vaule ကို "1" သို့ ပြောင်းပေးရုံပါပဲ

"net.ipv6.conf.all.forwarding=1"



     ပြောင်းလိုက်တဲ့ value active  ဖြစ်အောင် ထို module ကို reload ပြန်လုပ်ပါမယ်..
#sysctl -p



      radvd service ကို start လုပ်လို့ ရပါပြီ..



     ဒါဆိုရင် အခု config လုပ်ထားတဲ့ ဒီစက်ကနေ network တခုထဲမှာ အတူတူ ရှိတဲ့ စက်တွေဆီ ကို သူကနေ IPV6 address တွေကို release လုပ်ပေးနေပါလိမ့်မယ်..


 Window 7/Linux/.. တွေမှာတော့ IPV6 Address ကို Auto ရမှာပါ..Window Xp တွေမှာ IPV6  ကို Install လုပ်ဖို့ အောက်ပါ command ကို cmd ထဲမှာ သုံးပေးရပါမယ်...
"netsh int ipv6 install"
ref: http://support.microsoft.com/kb/2478747

Note: 
     radvd ကို DD-WRT (open source firmware) နဲ့လဲ setup လုပ်နိုင်ပါတယ် ( Linksys wrt54g တလုံးရှိခဲ့ရင်)
           ref: http://www.dd-wrt.com/wiki/index.php/IPv6
     အကယ်၍ IPV6 only website တွေကို အသုံးပြု ချင်တယ်ဆိုရင်တော့ (သင့် WAN IP  က Public IP ဖြစ်ဖို့တော့ လိုအပ်ပါတယ်)  tunnelbroker နဲ့ IPV6 over IPV4 (Dual Stack) လုပ်ပြီသုံးနိုင်ပါတယ် ( 6to4 tunneling service အတွက်က http://tunnelbroker.net/ လို site တွေမှာ FREE SignUp လုပ်ပြီး သုံးနိုင်ပါတယ်)
           ref: http://en.wikipedia.org/wiki/List_of_IPv6_tunnel_brokers
     နောက်တနည်းက Teredo Tunneling နဲ့လဲ သုံးနိုင်ပါသေးတယ်..ဒီနည်းကတော့ မိမိ စက်တ လုံးထဲ အတွက် ပဲဆိုရင် အကောင်းဆုံးပါပဲ
           ref: http://blargasm.com/post/7979540039/ipv6-teredo-howto

Cheers!!!

REF:
- http://tunnelbroker.net/
- http://www.iana.org/assignments/ipv6-unicast-address-assignments/ipv6-unicast-address-assignments.xml
- http://www.litech.org/
- http://en.wikipedia.org/wiki/List_of_IPv6_tunnel_brokers

>>

UTEE

Wednesday 11 January 2012

Google ကို Shell တခုကနေ Command နဲ့ သုံးရအောင်...


GOOSH !!!! GOOSH !!!! GOOSH !!!! 

စိတ် ဝင်စား ဖွယ်ရာ !!!!  Google ကို Shell တခု ပေါ်ကနေ သုံးလို့ရအောင် လုပ်ထား တာပါ။ သူ့ကိုတော့ Stefan Grothkopp ဆိုတဲ့လူက developed လုပ်ထား တာပါ။ သူက google open source project under GPL နဲ့ released လုပ်ထားပါတယ်တဲ့...

ဒါကတော့ Shell Link  ပါ....
http://www.goosh.org
ဒါကတော့ Source Code Link  ပါ....
http://code.google.com/p/goosh/
Code Via SVN
http://code.google.com/p/goosh/source/checkout

 Ref:
- http://nayyares.blogspot.com/2010/09/googles-shell-for-linux-geeks.html

>>

UTEE

Linux တခုပေါ် မှာ Hard Drive တွေကို RAID လုပ်ရအောင်..

-->


RAIDကို အသုံးပြုတဲ့ ရည်ရွယ်ချက် တွေက ကွဲလွဲနိုင်ပါတယ်... ဒါပေမဲ့ သူ့ကို Backup Server/ DataBase Server/ Sharing Server/ blar blar server အတွက်သုံးဖို့ Data Access Time မြန်မြန် ရချင်တဲ့ အခါတွေမှာ မသုံးမဖြစ်ကို သုံးကြပါတယ် (Access Time ပြောလို့ Access Time အတွက်ဆိုရင် SSD သုံးမှာပေါ့လို့တော့ မပြောနဲ့ နော်... SSD ရဲ့ ဈေးက မသေး ဘူးဆို တာငြင်း လို့မရဘူး... :D) .. အားသာချက် တွေက ရှိတာကိုး... Detail ကိုတော့ ရှာဖတ် ကြည့်ပါ ( http://en.wikipedia.org/wiki/RAID မသိ သေးသောသူ သာရည်ရွယ် ပါသည်)..

အခု sample လေးမှာတော့ RAID အတွက် information က အောက်ပါ အတိုင်း ပါ...

OS : Debian 5
Attached HDD : 10GB 4 pics
sda : System (not in array)
sdb : will be in array
sdc : will be in array
sdd : will be in array
RAID Array Level : 5 (RAID5)
Require Linux Package : mdadm

(သာမန် အားဖြင့် RAID Array 5 က အဆင်အပြေဆုံး ပဲလို့ထင်တယ် ဘာလို့ လဲဆိုတော့ HDD ၃လုံးက နေစလိုရတယ်.. Fault Tolerance က ၁လုံး လက်ခံတယ်.. နောက် မူရင်း HDD Size နဲ့ တအား မကွာသွားဘူး)

စပြီ လိုအပ်တဲ့ mdadm ကို အရင် install လုပ်ပါမယ်..
#apt-get install mdadm


အရင် Attach လုပ်ထားတဲ့ HDD တွေရဲ့ Information တွေကို ကြည့်ပါမယ်..
#fdisk -l



အဲဒီမှာ /dev/sda1 /dev/sda2 /dev/sda5 တွေက system အတွက် သုံးထားတဲ့ sda ရဲ့ partition တွေ ပါ သူ့ရဲ့ partition တွေကို system ကသိနေပါပြီ.. အဲ /dev/sdb /dev/sdc နဲ့ /dev/sdd တွေကိုတော့ system က partition အနေနဲ့ မသိသေးပါဘူး..

fdisk နဲ့ပဲ အဲဒီ Hard Drive တွေကို System က Partition အနေနဲ့ သိအောင် လုပ်ပေးမယ် နောက် RAID Create လုပ်ရင် Auto Detect ဖြစ်အောင်ပါ တခါတည်း လုပ်ပါမယ်.. Hard Drive "sdb" ကို စလုပ် ပါမယ်.. အဲဒီ အတွက် fdisk command နဲ့ အောက်က အတိုင်း စပါမယ်..

#fdisk /dev/sdb

Command ရိုက်ပြီး ရင် တော့ အောက်က ပုံထဲမှာအတိုင်း လုပ်ဆောင် ပါမယ်...


n = new partition လုပ်ပါမယ်
p = primary partition ပါ
1 = partition number ပါ ( 1 to 4 မိမိ ကြိုက်နှစ်သက်ရာ ပေးနိုင်ပါတယ်)
First cylinder ဘယ်က စမလဲ Default “Enter” ခေါက်ပါမယ်..
Last cylinder ဘယ်မှာ ဆုံးမလဲ Default “Enter” ခေါက်ပါမယ်..

t = partition's system id ကို change ပါမယ်..
fd = partition ရဲ့ system type ကို change ပါမယ်.. linux raid auto ဆိုတဲ့ system type ကို change ပါမယ်..

w = အထက်ပါ လုပ်ဆောင်ချက်တွေကို save တာပါ..

/dev/sdb အတွက် ပြီးသွား ပါပြီး .. အထက်ပါ အဆင့်တွေ အတိုင်း /dev/sdc နဲ့ /dev/sdd အတွက်ပါ လုပ်လိုက်ပါမယ်..

"fdisk -l" command နဲ့ တချက် စစ်ကြည့် လိုက်ပါ Hard Drive ၃ခု လုံး RAID အတွက် Ready ဖြစ်နေပါပြီ..

#fdisk -l



အဲဒီ /dev/sdb1 /dev/sdc1 /dev/sdd1 partitionသုံးခုကို RAID စလုပ်ပါမယ်..

#mdadm --create /dev/md1 --level=5 --raid-disk=3 /dev/sdb1 /dev/sdc1 /dev/sdd1



အဲဒီ Array လုပ်ထားတဲ့ /dev/md1 ကို Format ချပါမယ် File System “ext3” နဲ့ပါ..

#mkfs.ext3 /dev/md1



အဲဒီ Format ချထားတဲ့ /dev/md1 Device ကို အသုံးပြု နိုင်အောင် mount လုပ်ပါမယ် backup ဆိုပြီ Directory တခု ဆောက်ပြီး အဲဒီ ပေါ်ကို mount လုပ်ပါမယ်...

#mkdir /backup
#mount /dev/md1 /backup



System မှာ အမြဲ mount ဖြစ်ဖို့ကို /etc/fstab မှာသွား ရေးပါမယ်..

#vi /etc/fstab



ရေးပြီး Save ပြီးရင် System ကို Restart တခေါက်လောက် ချကြည့်ပါSystem ပြန်တက်လာရင် သင့်ရဲ့ RAID5 Arrayလုပ်ထားတဲ့ Device ကိုသုံး ဖို့ Ready ဖြစ်နေပါပြီ...

#df -H


RAID5 Device ရဲ့ Info ကိုကြည့်ပါ မယ်..
#mdadm --detail /dev/md1



ဒီ RAID Array Device ကို Management/Control လုပ်ဖို့ဆိုရင် "mdadm” ဆိုတဲ့ commandကိုတော့ detail သိရှိ ထားဖို့လိုအပ် ပါတယ်...

ကဲ ပြသနာ ရှာကြည့်ရအောင်..... :D
နောက်ဆုံး Hard Drive (/dev/sdd) ကို ကြိုးဆွဲ ဖြုတ် လိုက်ပြီ ဗျာ Hard Drive မကောင်းတော့ဘူး ပျက်သွားတယ်ပေါ့ .. :D RAID5 Array Detail ပြန်ကြည့်ရအောင်...

#mdadm --detail /dev/md1


အဲဒီ remove လုပ်လိုက်တဲ့ Hard Drive နေရာမှာ တခြား Hard Drive တလုံးကို Attach လုပ်ပြီး RAID ကိုပြန်ပြင် ပါမယ်.. (အဲဒီမှာ သတိ ထားရမှာက နောက် အစားထိုး မဲ့ Hard Drive က ယခင် Hard Drive နဲ့ Size ခြင်း တူရင်တူ မတူရင် ကြီး ရပါမယ် ငယ်လို့ မရပါ)

ဒီမှာတော့ New 12GB Hard Drive ကို အရင် Hard Drive နေရာမှာ အစားထိုး ထားတော့ system မှာယခင် Drive Name /dev/sdd နဲ့ပဲပြန်ပေါ်ပါတယ်.. System က partition တခု အနေနဲ့ သိရအောင် အပေါ်က partition createလုပ်တဲ့ ပုံစံနဲ့ New Hard Drive ကို partitionအရင် လုပ်ပါ..

ပြီးရင် အောက်က Command နဲ့ New Hard Drive ကို Add ပေးလိုက်ရုံ ပါပဲ....

#mdadm /dev/md1 --add /dev/sdd1

-->


Detail ကြည့်ကြည့်ပါ သူဟာသူ RAID ကို Re-Building ပြန်လုပ်နေပါလိမ့်မယ်..

#mdadm --detail /dev/md1



ကဲ ဒီလောက်ဆို OK မှာပါ။... Cheers !!!

Ref:


>>

UTEE