Monday 12 March 2012

အခြေခံ IPTABLES Firewall/Gateway တည်ဆောက် ခြင်း

Linux system ဖြင့် Iptables firewall/gateway တခု တည်ဆောက် မယ်ဆို ရင် သင်ဟာ iptables  ကိုမသိသေး ရင် rule စ ရေးဖို အခက် တွေပါလိမ်မယ်...

ဒါဆို ရင်တော့ ဒီ link " http://easyfwgen.morizot.net/gen/ " လေးကို သုံး ပြီ basic rule ကိုစ ရေးနိုင်ပါတယ်..

နောက်မှ ကိုယ်စိတ် တိုင်းကျ Basic Rule ကိုကြည့်ပြီ လိုတလို Rule ကိုပြင်ဆင်နိုင်ပါတယ်.

ပြီမှ Generate လုပ် ခြင်း ဖြင့်ထွတ် လာတဲ့ rule ကို .sh နဲ့သိမ်းပြီ မိမိ အသုံး ပြုမည့် linux OS ပေါ်မှာ script type နဲ့ သုံး နိုင်ပါတယ်..

>>

UTEE

Wednesday 7 March 2012

Linux Guy, Window Guy, Security Guy တွေ Zoo မှာဆုံကြရအောင် !!!

WebSite Link လေးတခု ပါပဲ... ဒါပေမဲ့ သူက သင့်ကို သူ့ဆီက Virtual Server တွေကို Remote ဖွင့်ပေးပြီ စမ်းသပ်ခွင့်ပေးမှာပါ.. အဲဒီ အတွက် သူ့ဆီမှာ Register လုပ်ဖို့တော့ လိုအပ် ပါတယ်..

Site Linkက ဒီမှာပါ...
http://linuxzoo.net/

Registration Rule ကို အသေအချာ ဖတ်ပြီး Register လုပ်ပြီးပြီ ဆိုရင်တော့ အောက် ဖော်ပြပါ တွေကို OS စမ်းလို့ ရပါပြီ..

  • Linux Fedora 15
  • Microsoft Win 2008
  • Microsoft Win 7 x64
  • Cain Forensics 2.0
  • Cain Forensics 2.5.1

Register လုပ်ပြီ Login ဝင်ပြီးရင် Join Queue Button ကိုနှိပ်ပါ


ပြီးရင် အသုံးပြုမဲ့ OS ကိုရွေး ပြီ Switch On Button ကိုနှိပ်ပါ


ထို့နောက် Connect Tab ကနေ Remote ဝင်ရမဲ့ Address ကိုကြည့်ပြီ remote လှန်းဝင်ပြီး အသုံးပြုလို့ရပါပြီ..



Remoteဝင်ရင် အသုံးပြု ရမဲ့ Username / Password တွေကတော့
  • Linux Fedora 15 Username : root | Password : secure
  • Microsoft Win 2008 Username : Administrator | Password : secure
  • Microsoft Win 7 x64 Username : Administrator | Password : secure
  • Cain Forensics 2.0 Username : caine | Password : caine
  • Cain Forensics 2.5.1 Username : caine | Password : caine
Tutorial လေးတွေနဲ့ လုပ်မယ်ဆိုရင်တော့ အောက်က link လေးတွေနဲ့ လုပ်နိုင်ပါတယ်..



တခြား zoo တွေကိုလဲ ဆက်လက် သွားရောက် လေ့လာနိုင် ပါသေးတယ်..
http://xmlzoo.net/
http://db.grussell.org/
http://progzoo.net/
http://sqlzoo.net/

အမျိုးမျိုး အထွေထွေ စမ်းချင်တဲ့သူ  အခုမှ စလေ့လာ နေသူတွေ အတွက် GOOD  ပါတယ် ...

Cheers !!!

>>

UTEE

Tuesday 6 March 2012

Linux System မှာ Swap Space လိုအပ်လာရင်

     Linux OS တခုပေါ်မှာ Database Engine တွေလိုမျိုး Run ရပြီဆိုရင် RAM or SWAP Space များများလိုအပ်တဲ့ Problem တွေ တွေ့ကောင်းတွေ့ပါလိမ့်မယ်.. ဥပမာ တချို့ Database Engine ကို Installation လုပ်ရင် Installation ကသက်မှတ်ထားတဲ့ RAM or SWAP space အကျယ်အဝန်း မရှိရင်ဘယ်လိုမှတင်လို့ မရပါဘူး... အဲဒီလိုမျိုး အခါမှာ RAM ကိုလဲ တိုးဖို့ မလွယ်ဘူး ဆိုရင် swap space ကိုတိုးပေးဖို့လိုအပ် လာပါပြီ...

     အရင်ဆုံး လက်ရှိ System က Swap ကို ဘယ်လောက် သုံးထားလဲ ဆိုတာကို အောက်က Command နဲ့ကြည့်ပါမယ်

#swapon -s
OR
#free -k




Note : ဒီပုံမှာတော့ System က Swap Space ကိုဘယ်လောက်သုံးနေတယ်ဆိုတာ “Used” ဆိုတဲ့အောက်မှာ ပြမှာပါ

     ဒီမှာတော့ /dev/hdc5 ဆိုတဲ့ partition ပေါ်မှာပဲ file တခု ပုံစံ လုပ်ပြီ အဒီပေါ်မှာ swap space သတ်မှတ်တာကို ပြပါမယ်.. Swap Space File ကို File System ရဲ့ကိုကြိုက်တဲ့ နေရာမှာ ပြုလုပ်နိုင်ပါတယ်..အဲဒီတော့ အလွယ်တကူ / (root) အောက်မှာပဲ လုပ်ပါမယ်..

     dd commandနဲ့ 1GB ရှိတဲ့ file တခုကို /(root) အောက်မှာ အောက်ပါ အတိုင်း လုပ်လိုက်ပါမယ်..
Note : Linux Master တွေ အသီးသီးရဲ့ Recommend ကတော့ Swap Space ကို သတ်မှတ်ရင် ၄ နဲ့စားလို့ ပြတ်တဲ့ Amount က အကောင်းဆုံးပါပဲတဲ့ အဲဒီတော့ 1GB ဆိုတော့ 1024MB ပေါ့ ၄နဲ့ စားလို့ပြတ် ပါတယ်...

#dd if=/dev/zero of=/additional-swap bs=1M count=1024



     အဲဒီ create လုပ်လိုက်တဲ့ /(root) အောက်က additional-swap ဆိုတဲ့ fileကို swap အဖြစ် သတ်မှတ်ပါမယ်..

#mkswap /additional-swap




     System ကို Swap အတွက် Space ကို ဒီ File ပေါ်မှာပါ အသုံး ပြုနိုင်ပါတယ်ဆိုတာ ကိုပြောပါမယ် … Partition တခုကို mount လုပ်တဲ့ ပုံစံလိုပါပဲ...

#swapon /additional-swap



     swapon commandနဲ့ swap space ကိုပြန် check ကြည့်ရအောင်..

#swapon -s



     additional-swap ဆိုတဲ့ file ကို swap space အဖြစ် မြင်ရပါပြီ..

     အဲဒီ additional-swap file ကို system BOOT တက်တာနဲ့ auto mount ဖြစ်နေအောင် fstab ထဲမှာ ဝင်ရေး ပါမယ်..

#vi /etc/fstab

အောက်ပါ အတိုင်း ဝင်ရေးပါမယ်..

/additional-swap swap swap defaults 0 0



ဒါဆိုရင် Swap Space မလုံလောက်တဲ့ Problem အဆင်ပြေ သွားပါပြီ....

Cheers!!!

>>

UTEE