တခါတုန်း office မှာ user ကအကူအညီ တခုတောင်းလာတယ်.. သူအသုံးပြု နေတဲ့ VMware Image တခုမှာ Virtual Hard-Drive ကပြည့်ခါနီး နေပြီတဲ့.. Virtual Hard-Drive ကို Extend လုပ်လို့ ရမလား တဲ့.. သာမန် ဆိုရင် နောက်ထက် Virtual Hard-Drive တခုကို Add လုပ်ပေး လိုက်ရုံ ပဲပေါ့.. ဒါပေမဲ့ သူလိုချင်တာက နောက် Hard-Drive တလုံး( နောက် Partition) အသစ်တခု မဟုတ်ဘူး..ဥပမာ.. သူ vmware image မှာ virtual hard-drive တခုပဲ ရှိတယ် size က 10Gb.. သူက အယ်ဒီ မူရင်း virtual hard-drive (10Gb) ကို size (20Gb) extend လုပ်ချင်တာ..
အစတော့ နဲနဲ စဉ်းစား သွားတယ် နောက်တော့ Virtual ပါဆို ရရ မှာပေါ့ဆိုပြီ ရှာကြည့်တော့ တနေရာ မှာသွားတွေ့တယ်...
VMware WorkStation Install လုပ်ထာ:တဲ့ စက် တွေမှာဆိုရင် အဲဒီ tool ကပါပြီသား..
Tools Name: vmware-vdiskmanager
Use with : Command Prompt
သာမန် အားဖြင့် c:\programs\vmware\vmware-workstation အောက်မှာပါ။
Extend လုပ်ချင်တဲ့ Virtual Hard-Drive Name က ABC.vmdk ဆိုပါတော့.. command prompt (cmd) ကနေပြီ c:\programs\vmware\vmware-workstation အောက်ကိုသွားလိုက်ပါ..
# cd c:\programs\vmware\vmware-workstation
အောက်က command နဲ့ ကိုလိုချင်တဲ့ size ကို extend လုပ်ပါတယ် (အရင် 10GB ရှိတာကနေ နောက်ထက် 10GB ထက်တိုးမယ်ထား , အဲဒီတော့ total 20GB ပေါ့)
# vmware-vdiskmanager -x 20GB ABC.vmdk
အဲဒါ လေးပဲ....Process ပြီးတဲ့ အထိ စောင့်လိုက်ပါ..
မှတ်ချက်: Extend လုပ်မဲ့ VMware Image မှာ Snapshot တွေ Clear ဖြစ်ရပါမယ်။ နောက် အဲဒီ VMware Image က Power-Off ထားရ ပါမယ်..
ဒါကတော့ နောက်မှ ရှာတွေတဲ့ vdiskmanager ရဲ့ အသုံးပြုနည်းပါ
http://www.vmware.com/pdf/VirtualDiskManager.pdf
ဒီ Link ကတော့ extend လုပ်ခြင်း အတွက် vmware knowledge-base ပါ..
http://kb.vmware.com/selfservice/microsites/search.do?language=en_US&cmd=displayKC&externalId=1004047
>>
UTEE