Thursday 15 December 2011

Fail2Ban ကလဲ သင့် Server ကို Brute Force Attacks တွေကနေ အထိုက်အလျောက် Prevent လုပ်ပေး နိုင်ပါတယ်...

     Fail2Ban ဆိုတာကတော့ Framework  လေးတခု ဖြစ်ပါတယ်..  IP တည်းကနေ Login Security တခုကို ချိုးဖောက်ဖို့ ကြံဆောင်လာတာတွေကို Block/Filter လုပ်ပေးတဲ့ Framework လေးပါ.. Open Source ဆိုတော့ကာ ပြောနေစရာ မလို အကြိုက်ပဲ ( Free ကို) :) အောက်က sample  မှာတော့ ubuntu ကိုသုံးထား ပါတယ်... ဒီ Sample မှာတော့ SSH Login Authentication နဲ့ပဲ ပြသွားပါမယ်.. Configuration ကလဲ လွယ်ကူပါတယ်..

     စပြီး Fail2Ban ကို Install လုပ်ပါမယ်...

#apt-get install fail2ban



     Install လုပ်ပြီး သွားရင် configuration လုပ်ဖို့ /etc/fail2ban/ အောက်ကိုသွားလိုက်ပါ..

#cd /etc/fail2ban/

       Default အနေနဲ့ /etc/fail2ban/ အောက်က jail.conf ဆိုတဲ့ file မှာ ပြင်ဆင် ရပါမယ်။ အဲဒီ ထဲမှာ  ဘယ် IP တွေကို လုံးလုံး Ignore ပေးမယ်၊ Ban Time ကိုဘယ်လောက် သက်မှတ် မယ်၊ နောက်ဘယ် service တွေကို checking လုပ်မှာလဲ စသည့်ဖြင့် ပြင်ဆင်နိုင်ပါတယ်...

#vi jail.conf



     ဒီမှာတော့ ssh ကိုပဲ checking လုပ်ခိုင်း ပါမယ်... ၃ကြိမ် password မှားတာနဲ့ Ban ပါမယ်...



     ရပါပြီ fial2ban service ကို restart  ချပါမယ်..

#/etc/init.d/fail2ban restart



     သူက /var/log/auth.log  ကို read ပြီ ban  သင့်တာကို auto ban မှာပါ...သူ့ရဲ့ log file  ကတော့ /var/log/ အောက်မှာပါ..



     သူ့ရဲ့ log မှာ ban ခံရတဲ့ IP တွေကိုမြင်နိုင်ပါတယ်..



     သူက iptables နဲ့ ban (Drop) လိုက်တာပါ....



     ခဏခဏ အကြိမ် များလာရင်တော့ network ရဲ့ firewall system မှာ အဲဒီ IP ကိုအသေသာ block လုပ်လိုက်ပေါ့

     ဆက်လက်၍  သိချင်သူ များအတွက် >>

Ref:

- http://www.fail2ban.org/wiki/index.php/Main_Page
- http://www.fail2ban.org/wiki/index.php/MANUAL_0_8
-

>>

UTEE